ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းသည် ယနေ့မွန်းလွဲ ၁ နာရီက အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး Mr.S.B. Joshi နှင့်အဖွဲ့ဝင် လေးဦးတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဗဟိုအတွင်းရေးမှူးဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်းတို့ တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။