အိႏၵိယတြင္ မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ေရႀကီးမႈအတြင္း စစ္သား ၂၃ ဦးထက္မနည္း ေပ်ာက္ဆုံးေန

အိႏၵိယနိုင္ငံရွိ ေတာင္ထူထပ္ေသာ အေရွ႕ေျမာက္ပိုင္း ဆစ္ကင္းျပည္နယ္ရွိ ေဝးလံေခါင္သီေသာ ေတာင္တန္းတစ္ေလၽွာက္မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္အားေကာင္းေသာ ေရႀကီးေရလၽွံမႈျဖစ္ပြားခဲ့ၿပီးေနာက္ စစ္သား ၂၃ ဦးထက္မနည္း ေပ်ာက္ဆုံးေနသည္ဟု အိႏၵိယစစ္တပ္က ေအာက္တိုဘာ ၄ ရက္တြင္ ေျပာၾကားခဲ့သည္။
“ေျမာက္ဆစ္ကင္းျပည္နယ္ရွိ Lhonak ေရကန္မွာ ႐ုတ္တရက္မိုးသည္းထန္စြာရြာသြန္းတဲ့အတြက္ တီးစတားျမစ္မွာ ေရႀကီးေရလၽွံၿပီး စစ္သား ၂၃ ဦးေသဆုံးကာ အခ်ိဳ႕ေမာ္ေတာ္ယာဥ္ေတြ ေရနစ္ျမႇုပ္ခဲ့ပါတယ္”ဟုစစ္တပ္က ေျပာၾကားခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ေနသည္ဟုဆိုသည္။
ယင္းေဝးလံေခါင္သီေသာ ေဒသသည္ နီေပါႏွင့္ထိစပ္ေနေသာ အိႏၵိယနယ္စပ္အနီးတြင္ရွိၿပီး Lhonak ေရကန္သည္ကမၻာ့တတိယအျမင့္ဆုံးေတာင္ျဖစ္သည့္ ကန္ခ်န္ဂ်န္ဂါကို ဝန္းရံထားေသာႏွင္းထူထပ္သည့္ ေတာင္ တန္းမ်ားရွိ ေရခဲျမစ္တစ္ခု၏ေအာက္ေျခတြင္တည္ရွိသည္။
ခ်န္သန္းဆည္၏ ေရဆန္မွ ေရထြက္ရွိသည့္ အဓိပၸာယ္မွာ ျမစ္သည္ပုံမွန္ထက္၁၅ေပ ပိုမိုျမင့္မားေနၿပီးျဖစ္သည့္ သေဘာျဖစ္သည္ဟု စစ္တပ္က ေျပာၾကားခဲ့သည္။
အိႏၵိယစစ္တပ္ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ထုတ္ျပန္သည့္ ဗီဒီယိုမွတ္တမ္းတစ္ခု၌ ညိဳညစ္ေနေသာေရထုႀကီးသည္ ေတာအုပ္ထူထပ္ေသာခ်ိဳင့္ဝွမ္းတစ္ခုသို႔ စီးဆင္းေနကာလမ္းမ်ားတြင္ ေရျပည့္ေရလၽွံျဖစ္ေနၿပီး ဓာတ္ႀကိဳးမ်ား ျပတ္က်လ်က္ရွိသည္ကိုေတြ႕ရသည္။
ရာသီဥတုေဖာက္ျပန္ေျပာင္းလဲမႈသည္ သဘာဝေဘးအႏၲရာယ္ျဖစ္ပြားသည့္ အႀကိမ္ေရႏွင့္ ျပင္းအားကို ပိုမိုတိုးျမင့္လာေစသည္။
စစ္တပ္က ထုတ္ျပန္သည့္ အျခားဓာတ္ပုံမ်ားတြင္ အေဆာက္အအုံမ်ား၏ပထမထပ္မ်ားတြင္ ေရႀကီးေရလၽွံေနသည္ကို ေတြ႕ရသည္။
ေဒသခံမီဒီယာ၌မူမိုးရြာသြန္းေနခ်ိန္ ထီးေဆာင္းထားေသာ ဆစ္ကင္းေဒသဝန္ႀကီးခ်ဳပ္ ပရမ္ဆင္းတာမန္းက ဆင္းတမ္ၿမိဳ႕တြင္ ေရႀကီးမႈမ်ားႏွင့္ပတ္သက္၍ တာဝန္ရွိသူမ်ားႏွင့္ ေျပာဆိုေဆြးေႏြးေနသည္ကို ျမင္ေတြ႕ရသည္။
ေႏြရာသီအပူခ်ိန္သည္ တိုက္ငယ္၏ေျမသားထုကို ပူေႏြးလာေသာေၾကာင့္ေလထုျမင့္တက္လာၿပီး အိႏၵိယသမုဒၵရာတြင္းရွိပိုမို ေအးျမေသာေလထုကို စုပ္ယူေသာေၾကာင့္ မိုးေရပမာဏအမ်ားအျပားကို ျပန္လည္စြန႔္ ထုတ္ခ်ိန္တြင္ မုတ္သုံရာသီေပၚေပါက္လာျခင္းျဖစ္သည္။သို႔ေသာ္ ယင္းမုတ္သုံရာသီသည္ႏွစ္စဥ္ ေျမၿပိဳမႈမ်ားႏွင့္ ေရႀကီးမႈမ်ားေၾကာင့္ အပ်က္အစီးမ်ားကို ေဆာင္ယူလာခဲ့ သည္။ေရခဲျမစ္အရည္ေပ်ာ္မႈမ်ားသည္ ေရပမာဏကို ပိုမိုုမ်ားျပားေစၿပီး ေရေဘးသင့္ေဒသမ်ားရွိ စည္းမ်ဥ္းႏွင့္ကိုက္ညီစြာေဆာက္လုပ္ထားျခင္းမရွိေသာ အေဆာက္အအုံမ်ား သည္အပ်က္အစီးမ်ားကိုဆိုးရြားေစသည္။
ရာသီဥတုေဖာက္ျပန္ေျပာင္းလဲမႈမ်ားေၾကာင့္ ဟိမဝႏၲာေရခဲျမစ္မ်ားသည္ ယခင္ကထက္ ပိုမိုျမန္ဆန္စြာ အရည္ေပ်ာ္ၿပီး မခန႔္မွန္းနိုင္ဘဲ အကုန္အက်မ်ားစြာျဖစ္ေပၚေစေသာ သဘာဝေဘးအႏၲရာယ္မ်ားကို ၾကဳံေတြ႕ေစခဲ့သည္။ေရခဲျမစ္မ်ားသည္ အေစာပိုင္းဆယ္စုႏွစ္ႏွင့္ ႏွိုင္းယွဥ္လၽွင္ ၂၀၁၁ ခုႏွစ္မွ ၂၀၂၀ ျပည့္ႏွစ္အထိ ၆၅ ရာခိုင္ႏႈန္း ပိုမိုုျမန္ဆန္စြာ ေပ်ာက္ကြယ္ခဲ့သည္ဟုအျပည္ျပည္ဆိုင္ရာ ေတာင္တန္းေဒသမ်ား ဘက္စုံဖြံ့ၿဖိဳးတိုးတက္ ေရးဗဟိုဌာန(ICIMOD)က ဇြန္လတြင္ ထုတ္ျပန္ေသာအစီရင္ခံစာတစ္ရပ္၌ သတိေပးထားသည္။

Ref: AFP

=================

အိန္ဒိယတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုအတွင်း စစ်သား ၂၃ ဦးထက်မနည်း ပျောက်ဆုံးနေ

အိန္ဒိယနိုင်ငံရှိ တောင်ထူထပ်သော အရှေ့မြောက်ပိုင်း ဆစ်ကင်းပြည်နယ်ရှိ ဝေးလံခေါင်သီသော တောင်တန်းတစ်လျှောက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်အားကောင်းသော ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီးနောက် စစ်သား ၂၃ ဦးထက်မနည်း ပျောက်ဆုံးနေသည်ဟု အိန္ဒိယစစ်တပ်က အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
“မြောက်ဆစ်ကင်းပြည်နယ်ရှိ Lhonak ရေကန်မှာ ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် တီးစတားမြစ်မှာ ရေကြီးရေလျှံပြီး စစ်သား ၂၃ ဦးသေဆုံးကာ အချို့မော်တော်ယာဉ်တွေ ရေနစ်မြှုပ်ခဲ့ပါတယ်”ဟုစစ်တပ်က ပြောကြားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟုဆိုသည်။
ယင်းဝေးလံခေါင်သီသော ဒေသသည် နီပေါနှင့်ထိစပ်နေသော အိန္ဒိယနယ်စပ်အနီးတွင်ရှိပြီး Lhonak ရေကန်သည်ကမ္ဘာ့တတိယအမြင့်ဆုံးတောင်ဖြစ်သည့် ကန်ချန်ဂျန်ဂါကို ဝန်းရံထားသောနှင်းထူထပ်သည့် တောင် တန်းများရှိ ရေခဲမြစ်တစ်ခု၏အောက်ခြေတွင်တည်ရှိသည်။
ချန်သန်းဆည်၏ ရေဆန်မှ ရေထွက်ရှိသည့် အဓိပ္ပာယ်မှာ မြစ်သည်ပုံမှန်ထက်၁၅ပေ ပိုမိုမြင့်မားနေပြီးဖြစ်သည့် သဘောဖြစ်သည်ဟု စစ်တပ်က ပြောကြားခဲ့သည်။
အိန္ဒိယစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်သည့် ဗီဒီယိုမှတ်တမ်းတစ်ခု၌ ညိုညစ်နေသောရေထုကြီးသည် တောအုပ်ထူထပ်သောချိုင့်ဝှမ်းတစ်ခုသို့ စီးဆင်းနေကာလမ်းများတွင် ရေပြည့်ရေလျှံဖြစ်နေပြီး ဓာတ်ကြိုးများ ပြတ်ကျလျက်ရှိသည်ကိုတွေ့ရသည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့် အကြိမ်ရေနှင့် ပြင်းအားကို ပိုမိုတိုးမြင့်လာစေသည်။
စစ်တပ်က ထုတ်ပြန်သည့် အခြားဓာတ်ပုံများတွင် အဆောက်အအုံများ၏ပထမထပ်များတွင် ရေကြီးရေလျှံနေသည်ကို တွေ့ရသည်။
ဒေသခံမီဒီယာ၌မူမိုးရွာသွန်းနေချိန် ထီးဆောင်းထားသော ဆစ်ကင်းဒေသဝန်ကြီးချုပ် ပရမ်ဆင်းတာမန်းက ဆင်းတမ်မြို့တွင် ရေကြီးမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ပြောဆိုဆွေးနွေးနေသည်ကို မြင်တွေ့ရသည်။
နွေရာသီအပူချိန်သည် တိုက်ငယ်၏မြေသားထုကို ပူနွေးလာသောကြောင့်လေထုမြင့်တက်လာပြီး အိန္ဒိယသမုဒ္ဒရာတွင်းရှိပိုမို အေးမြသောလေထုကို စုပ်ယူသောကြောင့် မိုးရေပမာဏအများအပြားကို ပြန်လည်စွန့် ထုတ်ချိန်တွင် မုတ်သုံရာသီပေါ်ပေါက်လာခြင်းဖြစ်သည်။သို့သော် ယင်းမုတ်သုံရာသီသည်နှစ်စဉ် မြေပြိုမှုများနှင့် ရေကြီးမှုများကြောင့် အပျက်အစီးများကို ဆောင်ယူလာခဲ့ သည်။ရေခဲမြစ်အရည်ပျော်မှုများသည် ရေပမာဏကို ပိုမိုုများပြားစေပြီး ရေဘေးသင့်ဒေသများရှိ စည်းမျဉ်းနှင့်ကိုက်ညီစွာဆောက်လုပ်ထားခြင်းမရှိသော အဆောက်အအုံများ သည်အပျက်အစီးများကိုဆိုးရွားစေသည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဟိမဝန္တာရေခဲမြစ်များသည် ယခင်ကထက် ပိုမိုမြန်ဆန်စွာ အရည်ပျော်ပြီး မခန့်မှန်းနိုင်ဘဲ အကုန်အကျများစွာဖြစ်ပေါ်စေသော သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့စေခဲ့သည်။ရေခဲမြစ်များသည် အစောပိုင်းဆယ်စုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၆၅ ရာခိုင်နှုန်း ပိုမိုုမြန်ဆန်စွာ ပျောက်ကွယ်ခဲ့သည်ဟုအပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးဗဟိုဌာန(ICIMOD)က ဇွန်လတွင် ထုတ်ပြန်သောအစီရင်ခံစာတစ်ရပ်၌ သတိပေးထားသည်။

Ref: AFP