ၿမိဳ႕နယ္ေကာ္မတီဝင္မ်ား လုပ္ငန္းညႇိႏွိင္း အစည္းအေဝးျပဳလုပ္

ေအာင္ေျမသာစံ ေအာက္တိုဘာ ၄
၄-၁၀-၂၀၂၃ ရက္ေန႔ ၀၉:၃၀မွ၁၂:၀၀ အခ်ိန္ထိ ေအာင္ေျမသာစံၿမိဳနယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမတြင္ ၿမိဳနယ္ပါတီေကာ္မတီဝင္မ်ား လုပ္ငန္းညႇိႏွိင္း အစည္းအေဝးျပဳလုပ္ခဲ့ရာေအာင္ေျမသာစံခရိုင္ပါတီ ဘ႑ာ ေရးမႈး ဦးညီညီမင္း၊ေအာင္ေျမသာစံၿမိဳနယ္ပါတီဥကၠဌ ဦးလွိင္ဝင္းထြန္း၊အတြင္းေရးမႈး ဦးေသာင္းစိန္ႏွင့္ေကာ္မတီဝင္မ်ား တက္ေရာက္ခဲ့ၾကပါသည္။အစည္းအေဝးတြင္ ခရိုင္ပါတီ ဘ႑ာေရးမႈး ဦးညီညီမင္းႏွင့္ ၿမိဳနယ္ပါတီဥကၠဌ ဦး လွိင္ဝင္းထြန္းတိုက ၿမိဳနယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲခြဲက ပါတီဝင္အင္အားစာရင္းမ်ား စီစစ္ေဆာင္ရြက္ၿပီးစီးမႈ အေျခအေနႏွင့္ Application ျဖင့္ ပါတီဝင္ပုံစံျဖည့္သြင္းေရး၊ပါတီဝင္အင္အား တိုးခ်ဲ႕စည္း႐ုံးေရး၊ပါတီဗဟိုဌာနခ်ဳပ္ႏွင့္တိုင္းေဒသႀကီးပါတီမွ လမ္းညႊန္ခ်က္လုပ္ငန္းစဥ္မ်ား အေကာင္ အထည္ေဖာ္ေဆာင္ရြက္ေရးတိုအား ရွင္းလင္းေဆြးေႏြးခဲ့ၿပီး တက္ေရာက္လာသည့္ ၿမိဳနယ္ေကာ္မတီဝင္မ်ားမွ က႑/နယ္ေၿမ အေျခအေနမ်ားအား တင္ျပေဆြးေႏြးခဲ့ ပါသည္။

=======================

မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်

အောင်မြေသာစံ အောက်တိုဘာ ၄
၄-၁၀-၂၀၂၃ ရက်နေ့ ၀၉:၃၀မှ၁၂:၀၀ အချိန်ထိ အောင်မြေသာစံမြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် မြိုနယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်ခဲ့ရာအောင်မြေသာစံခရိုင်ပါတီ ဘဏ္ဍာ ရေးမှုး ဦးညီညီမင်း၊အောင်မြေသာစံမြိုနယ်ပါတီဥက္ကဌ ဦးလှိင်ဝင်းထွန်း၊အတွင်းရေးမှုး ဦးသောင်းစိန်နှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် ခရိုင်ပါတီ ဘဏ္ဍာရေးမှုး ဦးညီညီမင်းနှင့် မြိုနယ်ပါတီဥက္ကဌ ဦး လှိင်ဝင်းထွန်းတိုက မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲက ပါတီဝင်အင်အားစာရင်းများ စီစစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် Application ဖြင့် ပါတီဝင်ပုံစံဖြည့်သွင်းရေး၊ပါတီဝင်အင်အား တိုးချဲ့စည်းရုံးရေး၊ပါတီဗဟိုဌာနချုပ်နှင့်တိုင်းဒေသကြီးပါတီမှ လမ်းညွှန်ချက်လုပ်ငန်းစဥ်များ အကောင် အထည်ဖော်ဆောင်ရွက်ရေးတိုအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် မြိုနယ်ကော်မတီဝင်များမှ ကဏ္ဍ/နယ်မြေ အခြေအနေများအား တင်ပြဆွေးနွေးခဲ့ ပါသည်။