ပြည်ခိုင်ဖြိုးပါတီဝင်များ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင် ပိုင်း)မြို့နယ်တို့မှ မြို့နယ်ပါတီ ကော်မတီတို့၏ ကြီးကြပ်မှုဖြင့် (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ ကို ဂုဏ်ပြုသောအားဖြင့် ဒဂုံမြို့ သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် (တောင် ပိုင်း)မြို့နယ်ရှိ လေးထောင့်ကန် ကျေးရွာတို့၏ ကျေးရွာပြည် ခိုင်ဖြိုးပါတီကော်မတီများ၏စီစဉ် မှုဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ယခုလ ၁၁ ရက် နံနက် ၉ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် လေးထောင့်ကန်ကျေးရွာရှိ ရပ်ကွက် ဘောလုံး အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဖြိုးမေတ္တာအသင်း က ခြင်္သေ့အားမာန်အသင်းအား သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိရာ ပထမဆုရရှိသည့် ဖြိုးမေတ္တာ အသင်းအား အမှတ်(၅ဝ၄) အမြောက်တပ်ရင်းမှ ခေတ္တတပ် ရင်းမှူး            ဗိုလ်မှူးကြည်လွင်စိုးက ဆုငွေကျပ် တစ်သိန်းအားလည်း ကောင်း၊ဒုတိယဆုရရှိသည့် ခြင်္သေ့ အားမာန်အသင်းအား ဒဂုံ(အရှေ့) မြို့နယ် ပါတီအတွင်းရေးမှူးဦးလှမျိုး က ဆုငွေကျပ် ၆ဝဝဝဝ          အားလည်း ကောင်း၊ ပြိုင်ပွဲတွင်အကောင်းဆုံး ဘောလုံးသမားဆုရ အားကစား သမားအား ဒဂုံမြို့သစ်(တောင်ပိုင်း) လေးထောင့်ကန်ကျေးရွာပါတီ ဥက္ကဋ္ဌ ဦးအေးသောင်းကလည်း ကောင်း၊               အသန့်ရှင်းဆုံး ဘောလုံး ကစားသမားဆုရရှိသည့်အားကစား သမားအား ဒဂုံမြို့သစ်(အရှေ့ပိုင်း) လေးထောင့် ကန်ကျေးရွာရပ်မိ ရပ်ဖ ဦးညိုကြီး(ခေါ်)ဦးကြီးမြင့် မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပါသည်။

စိုးမိုး(ဒဂုံ-အရှေ့)