Honor CEO က iPhone 15 Series ဟာ စိတ္ပ်က္စရာေကာင္းတယ္လို႔ ေျပာ

iPhone အသစ္ထြက္တိုင္း ေဝဖန္မႈမ်ားစြာ ထြက္ေပၚလာပါတယ္။ အထူးသျဖင့္ iPhone ေတြရဲ့ ဒီဇိုင္းဟာ ထူးျခားဆန္းသစ္မႈ မရွိတာ ျဖစ္ပါတယ္။
Honor က မၾကာခင္ကပဲ ပိုက္ဆံအိတ္လို ကိုင္နိုင္တဲ့ Honor V Purse ကို ေၾကညာခဲ့ၿပီး ဒီဇိုင္းက ထူးျခားဆန္းသစ္ပါတယ္။ Honor CEO George Zhao က အင္တာဗ်ဴး တစ္ခုမွာ Apple iPhone 15 Series ဟာ စိတ္ပ်က္စရာေကာင္းတယ္လို႔ ေဝဖန္လိုက္ပါတယ္။
သူက “ iPhone 15 Series မွာ အဓိက လိုအပ္ေနတာက ဒီဇိုင္း အပိုင္း ျဖစ္ပါတယ္။ Apple ဟာ ဒီဇိုင္း ဒိတ္ေအာက္ေနတဲ့ ဖုန္းေတြကို ေရာင္းေနတုန္းပါပဲ။ iPhone 15 Series ကို မေၾကညာခင္ကတည္းက ဘာေတြ ပါလာမလဲ ဆိုတာ ခန႔္မွန္းလို႔ရေနတာ စိတ္ပ်က္စရာပါ။ iPhone 15 Series ရဲ့ စြမ္းေဆာင္ရည္နဲ႔ ကင္မရာ အရည္အေသြးက မလုံေလာက္ပါဘူး။ iPhone 15 Series မွာ ထူးျခားဆန္းသစ္မႈေတြ မပါလာေပမယ့္ ေရာင္းအားကေတာ့ ေကာင္းမွာပါ။ “ လို႔ ေျပာပါတယ္။
Android ကုမၸဏီေတြဟာ Foldable ဖုန္းမ်ားစြာကို ထုတ္လုပ္ေရာင္းခ်ေနၿပီ ျဖစ္ေပမယ့္ Apple က Foldable iPhone ကို အခုထက္ထိ မထုတ္လုပ္နိုင္ေသးပါဘူး။
Ref : gsmarena
#DigitalTimes

=========================

Honor CEO က iPhone 15 Series ဟာ စိတ်ပျက်စရာကောင်းတယ်လို့ ပြော

iPhone အသစ်ထွက်တိုင်း ဝေဖန်မှုများစွာ ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် iPhone တွေရဲ့ ဒီဇိုင်းဟာ ထူးခြားဆန်းသစ်မှု မရှိတာ ဖြစ်ပါတယ်။
Honor က မကြာခင်ကပဲ ပိုက်ဆံအိတ်လို ကိုင်နိုင်တဲ့ Honor V Purse ကို ကြေညာခဲ့ပြီး ဒီဇိုင်းက ထူးခြားဆန်းသစ်ပါတယ်။ Honor CEO George Zhao က အင်တာဗျူး တစ်ခုမှာ Apple iPhone 15 Series ဟာ စိတ်ပျက်စရာကောင်းတယ်လို့ ဝေဖန်လိုက်ပါတယ်။
သူက “ iPhone 15 Series မှာ အဓိက လိုအပ်နေတာက ဒီဇိုင်း အပိုင်း ဖြစ်ပါတယ်။ Apple ဟာ ဒီဇိုင်း ဒိတ်အောက်နေတဲ့ ဖုန်းတွေကို ရောင်းနေတုန်းပါပဲ။ iPhone 15 Series ကို မကြေညာခင်ကတည်းက ဘာတွေ ပါလာမလဲ ဆိုတာ ခန့်မှန်းလို့ရနေတာ စိတ်ပျက်စရာပါ။ iPhone 15 Series ရဲ့ စွမ်းဆောင်ရည်နဲ့ ကင်မရာ အရည်အသွေးက မလုံလောက်ပါဘူး။ iPhone 15 Series မှာ ထူးခြားဆန်းသစ်မှုတွေ မပါလာပေမယ့် ရောင်းအားကတော့ ကောင်းမှာပါ။ “ လို့ ပြောပါတယ်။
Android ကုမ္ပဏီတွေဟာ Foldable ဖုန်းများစွာကို ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ပေမယ့် Apple က Foldable iPhone ကို အခုထက်ထိ မထုတ်လုပ်နိုင်သေးပါဘူး။
Ref : gsmarena
#DigitalTimes