ျမန္မာၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာက ကမၻာ့ၾကက္ေတာင္အဖြဲ႕ခ်ဳပ္(BWF)ရဲ့ ထုတ္ျပန္ခ်က္အရ အဆင့္ ၄၅ သို႔ တက္ေရာက္လာ

စက္တင္ဘာ ၂၇
ျမန္မာၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာဟာ ကမၻာ့ၾကက္ေတာင္အဖြဲ႕ခ်ဳပ္ (BWF)ရဲ့ စက္တင္ဘာ ၂၄ ရက္တြင္ ေနာက္ဆုံးထုတ္ျပန္သည့္ ကမၻာ့အဆင့္ သတ္မွတ္ခ်က္၌ အဆင့္ ၄၅ ေနရာသို႔ တက္ေရာက္လာနိုင္ခဲ့ၿပီး ကစားသမားဘဝတစ္ေလၽွာက္ အျမင့္ဆုံးရပ္တည္မႈျဖစ္လာေၾကာင္း သိရပါတယ္။
သက္ထားသူဇာဟာ စက္တင္ဘာ ၄ရက္က ထုတ္ျပန္သည့္ ကမၻာ့အဆင့္သတ္မွတ္ခ်က္တြင္ အဆင့္ ၅၀ သို႔ ျပန္လည္က်ဆင္းသြားေသာ္လည္း စက္တင္ဘာ ၁၉ ရက္ ထုတ္ျပန္သည့္ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ အဆင့္ ၄၆ ကေန ယခု ကမၻာ့အဆင့္ ၄၅ သို႔ တက္ေရာက္လာနိုင္​ခဲ့ေၾကာင္း သိရပါတယ္။ ၎အေနျဖင့္ ယခုႏွစ္အတြင္း က်န္ရွိသည့္ ေလးလတြင္လည္း ၿပိဳင္ပြဲမ်ား ဆက္တိုက္ယွဥ္ၿပိဳင္ရန္ စီစဥ္ထားေၾကာင္း သိရပါတယ္။
၂၀၂၄ ပါရီအိုလံပစ္ၿပိဳင္ပြဲဝင္ခြင့္အတြက္ လက္ရည္စစ္ပြဲကာလကို ၂၀၂၄ ခုႏွစ္ ဧၿပီလအထိ သတ္မွတ္ထားသျဖင့္ သက္ထားသူဇာအေနျဖင့္ BWF ၿပိဳင္ပြဲမ်ား စဥ္ဆက္မျပတ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရမွာလည္းျဖစ္ပါတယ္။

============================

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာက ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)ရဲ့ ထုတ်ပြန်ချက်အရ အဆင့် ၄၅ သို့ တက်ရောက်လာ

စက်တင်ဘာ ၂၇
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF)ရဲ့ စက်တင်ဘာ ၂၄ ရက်တွင် နောက်ဆုံးထုတ်ပြန်သည့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်၌ အဆင့် ၄၅ နေရာသို့ တက်ရောက်လာနိုင်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက် အမြင့်ဆုံးရပ်တည်မှုဖြစ်လာကြောင်း သိရပါတယ်။
သက်ထားသူဇာဟာ စက်တင်ဘာ ၄ရက်က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် ၅၀ သို့ ပြန်လည်ကျဆင်းသွားသော်လည်း စက်တင်ဘာ ၁၉ ရက် ထုတ်ပြန်သည့် ကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့် ၄၆ ကနေ ယခု ကမ္ဘာ့အဆင့် ၄၅ သို့ တက်ရောက်လာနိုင်​ခဲ့ကြောင်း သိရပါတယ်။ ၎င်းအနေဖြင့် ယခုနှစ်အတွင်း ကျန်ရှိသည့် လေးလတွင်လည်း ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် လက်ရည်စစ်ပွဲကာလကို ၂၀၂၄ ခုနှစ် ဧပြီလအထိ သတ်မှတ်ထားသဖြင့် သက်ထားသူဇာအနေဖြင့် BWF ပြိုင်ပွဲများ စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။