ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရမည့် နည်းပြဂွါဒီယိုလာကို ဆဲလ်တစ်နည်းပြရော်ဂျာ ချီးကျူးပြောကြားမှုများပြုလုပ်

guadiola

စကော့တလန်ထိပ်သီးကလပ် ဆဲလ်တစ်အသင်း၏ နည်းပြ ရော်ဂျာ သည် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၂ တွင် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည့် မန်စီးတီးအသင်း၏ နည်းပြ ဂွါဒီယိုလာအပေါ် ချီးကျူးပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ဘောလုံးလောက၏ ထိပ်တန်းနည်းပြတစ်ဦးဖြစ်ကြောင်း ဖွင့်ဟချီးကျူးသွားခဲ့သည်။

အုပ်စုအဖွင့်ပွဲစဉ်တွင် တီကီတာကာကစားကွက်အား စတင်အသက်သွင်းခဲ့သည့် ဘာစီလိုနာအသင်းအား ဂိုးပြတ် အရေးနိမ့်ခဲ့သည့် ဆဲလ်တစ်အသင်းသည် အုပ်စုဒုတိယပွဲစဉ်တွင် ယင်းကစားကွက်နှင့်အတူ အောင်မြင်မှုများ ရရှိခဲ့သည့် ဘာစီလိုနာနည်းပြဟောင်း ဂွါဒီယိုလာနှင့် ထပ်မံရင်ဆိုင်ရမည့် အခြေအနေများကြောင့် ဆဲလ်တစ် နည်းပြ ရော်ဂျာက ကျေနပ်အားရနေခြင်း ဖြစ်သည်။

“ဂွါဒီယိုလာဆိုတာ ဘောလုံးလောကမှာ အောင်မြင်မှုမှတ်တိုင် များစွာစိုက်ထူနိုင်ခဲ့တဲ့ နည်းပြတစ်ဦးပါ။ သူ့ရဲ့ နည်းဗျူဟာပိုင်းအပေါ် နှစ်သက်အားကျခဲ့တယ် ဆိုပေမယ့် ပြိုင်ဘက်အဖြစ် မရင်ဆိုင်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ သူ့မျိုးစေ့ချ ခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့တော့ ယှဉ်ပြိုင်ခဲ့ပြီးပါပြီ။ အခုတော့ ဂွါဒီယိုလာနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မယ့် အခြေအနေအတွက် စိတ်လှုပ်ရှားမိသလို ထွက်ပေါ်လာမယ့် ရလဒ်အတွက်လည်း စိတ်ဝင်စားမိပါတယ် ” ဟု ဆဲလ်တစ်နည်းပြ ရော်ဂျာက မန်စီးတီးနည်းပြ ဂွါဒီယိုလာအပေါ် ချီးကျူးပြောကြားမှုများ ပြုလုပ်ခဲ့သည်။

#Democracytoday


Leave a Reply