ဖုန်းဘက်ထရီ ပိုမို တာရှည်ခံစေမယ့် Android O ကို developer များအတွက် Google ဖြန့်ချိ

ကမ္ဘာ့လူသုံးအများဆုံးမိုဘိုင်းဆော့ဖ်ဝဲဖြစ်တဲ့ Android ရဲ့ ဗားရှင်းသစ်ကို Search ကုမ္ပဏီကြီး Google က မိတ်ဆက်ကြေညာလိုက်ပါတယ်။ Android O လို့ခေါ်တဲ့ အဲ့ဒီဆော့ဖ်ဝဲကို Google က software developer များအတွက် ဖြန့်ချိပေးလိုက်တာ ဖြစ်ပါတယ်။

Google ဟာ Android ဗားရှင်းသစ်တွေကို အက္ခရာအစဉ်အလိုက် အရင်ဆုံး အမည်ပေးလေ့ရှိပြီး နောက်ပိုင်းမှာ မုန့်အချို ဒါမှမဟုတ် သကြားလုံးအမည်တွေနဲ့ သတ်မှတ်ခေါ်ဆိုပါတယ်။ ဥပမာအနေနဲ့ အရင်ဗားရှင်းကို Nougat လို့ခေါ်ဆိုပြီး အဲ့ဒီအရင်က ဗားရှင်းတွေကိုတော့ Marshmallow, Lollipop ဆိုပြီး ခေါ်ဆိုခဲ့ပါတယ်။ Android O ရဲ့ တရားဝင်အမည်ကိုတော့ မသိရသေးပါဘူး။

Android O မှာ ဖုန်းနဲ့ tablet တွေအတွက် ပိုကောင်းတဲ့ battery-life feature တွေ၊ notification တွေကို ပိုမို ထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက်တွေနဲ့ picture-in-picture mode စတဲ့ feature သစ်တွေပါဝင်လာပါတယ်။ အကြီးမားဆုံး အဆင့်မြှင့်တင်မှုတစ်ရပ်ကတော့ ဖုန်းရဲ့ ဘက်ထရီကို ပိုမိုတာရှည်ခံစေမယ့်နည်းလမ်း ဖြစ်ပါ တယ်။ အဲ့ဒီအတွက် Google ဟာ ဖုန်းပေါ်မှာ မသုံးဘဲဖွင့်ထားတဲ့ app တွေရဲ့ လုပ်ဆောင်ချက်တွေကို ကန့် သတ်ထားပါတယ်။ ဥပမာအနေနဲ့ background မှာ ဖွင့်ထားတဲ့ app တွေဟာ ဘက်ထရီ အလျင်အမြန် ကုန် ဆုံးစေတဲ့ location update တွေကို အများကြီးလုပ်ဆောင်တော့မှာ မဟုတ်တော့ဘူးလို့ဆိုပါတယ်။

ဒါ့အပြင် Android O မှာ ဖုန်းပေါ်က notification တွေကို ပိုမိုထိန်းချုပ်စေနိုင်မယ့် လုပ်ဆောင်ချက်တွေ ပါဝင် လာပါတယ်။ အခုအခါ သုံးစွဲသူတွေက app တစ်ခုအတွင်းက notification တွေနဲ့ပတ်သက်ပြီး ထိန်းချုပ်မှု တွေကို ပိုမိုပြုလုပ်နိုင်သလို မတူညီတဲ့ notification တွေကိုလည်း အတူတူစုဖွဲ့ထားနိုင်မှာဖြစ်ပါတယ်။

ဖုန်းကို ပိုမိုလုံခြုံမှုရှိစေဖို့အတွက် Android ရဲ့ WebView update တစ်ခုကိုလည်း Google က ဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီ update က အန္တရာယ်ရှိတဲ့ code ပါဝင်တဲ့ app တစ်ခုနဲ့ သုံးစွဲသူရဲ့ ကိုယ်ရေးအချက်အလက် ခိုးယူမှုကို ပိုမိုခက်ခဲစေမှာပါ။

Android O ရဲ့ အခြား feature သစ်တွေထဲမှာ picture-in-picture view လည်း ပါဝင်ပါတယ်။ အဲ့ဒီ feature သစ်က ဖုန်းတွေနဲ့ tablet တွေမှာ အခြား app တွေကို အသုံးပြုရင်း ဗီဒီယိုတစ်ခုကို ကြည့်ရှုနိုင်စေမယ်လို့ ဆို ပါတယ်။ ဒီ feature ကို အရင်က Android TV ပေါ်မှာပဲ သုံးနိုင်ခဲ့တာပါ။ Android O ရဲ့ feature အသေးစိတ် ကို မေလမှာကျင်းပမယ့် Google I/O software developer conference မှာ ထုတ်ပြန် ၏သွားမယ်လို့ သိရပါတယ်။

Ref: CNET

# Internet Journal