ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ပဲခူးအေနာက် သာယာဝတီခရိုင်မွ ပါတီဝင်ျမားနွင့်တွေ့ဆုံ

သာယာဝတီ စက်တင်ဘာ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနွင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ပဲခူးအေနာက် တိုင်းပါတီဥက္ကဋ္ဌ ဦးအောင်ခြိုဦး၊ တိုင်းအတွင်းရေးမှူး၊ တိုင်းကော်မတီဝင်ျမားနွင့်အတူ ယေန့ နံနက် ၁၁နာရီ ၃၀ တွင် သာယာဝတီခရိုင်ပါတီရုံးသို့ ရောက်ရွိပြီး သာယာဝတီခရိုင်ဥက္ကဋ္ဌနွင့် ခရိုင်ကော်မတီဝင်ျမား ခရိုင်အတွင်းရွိ သာယာဝတီ လက်ပံတန်း မင်းလွ မိုးညို အုတ်ဖို ကြို့ပင်ကောက် မြို့နယ်ျမား မွ ဥက္ကဋ္ဌနွင့် ကော်မတီဝင်ျမား ပါတီဝင်ျမားနွင့်တွေ့ဆုံခဲ့ပါသည် ။
ထိုသို့တွေ့ဆုံရာတွင် သာယာဝတီခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်က သာယာဝတီ ခရိုင် ပါတီ​၏တင်ပြခကြ်ျမားကို ရွင်းလင်းတင်ပြပြီး မြို့နယ်ဥက္ကဋ္ဌျမားကလည်းသက်ဆိုင်ရာ မြို့နယ်အလိုက်တင်ပြကြပါသည်။
တင်ပြခကြ်ျမားနွင့်ပါတ်သက်ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူးက တစ်ခက်ြခြင်းပြန်လည်ရွင်းလင်းပေးခဲ့ပြီး ပါတီ ​၏မူဝါဒ ရေတို ရေရွည် အစီအမျံမား ပါတီ ဝင်အင်အားစိစစ်ရာတွင်လိုက်နာရမည့်အခကြ်ျမား အပါအဝင် ပါတီ လူငယ်အမြိုးသမီးဆိုင်ရာစီမံခကြ်ျမား ပါတီရွေ့လုပ်ငန်းစဉ်ျမားကို ရွင်းလင်းဆွေးနွေးမွာကြားကာ ပဲခူးအေနာက်နယ်မြေအတွင်းရွိ ခရိုင်ပါတျီမားအတွက် တစ်ခရိုင်လြှင် တစ်သိန်းကျပ် ဆီ ခရိုင်ဥက္ကဋ္ဌျမားကိုယ်စား သာယာဝတီခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်ထံပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲကို နေ့လည် ၁နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

===========================

ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ပဲခူးအနောက် သာယာဝတီခရိုင်မှ ပါတီဝင်များနှင့်တွေ့ဆုံ

သာယာဝတီ စက်တင်ဘာ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ပဲခူးအနောက် တိုင်းပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းအတွင်းရေးမှူး၊ တိုင်းကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၁၁နာရီ ၃၀ တွင် သာယာဝတီခရိုင်ပါတီရုံးသို့ ရောက်ရှိပြီး သာယာဝတီခရိုင်ဥက္ကဋ္ဌနှင့် ခရိုင်ကော်မတီဝင်များ ခရိုင်အတွင်းရှိ သာယာဝတီ လက်ပံတန်း မင်းလှ မိုးညို အုတ်ဖို ကြို့ပင်ကောက် မြို့နယ်များ မှ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ပါသည် ။
ထိုသို့တွေ့ဆုံရာတွင် သာယာဝတီခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်က သာယာဝတီ ခရိုင် ပါတီ​၏တင်ပြချက်များကို ရှင်းလင်းတင်ပြပြီး မြို့နယ်ဥက္ကဋ္ဌများကလည်းသက်ဆိုင်ရာ မြို့နယ်အလိုက်တင်ပြကြပါသည်။
တင်ပြချက်များနှင့်ပါတ်သက်ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူးက တစ်ချက်ခြင်းပြန်လည်ရှင်းလင်းပေးခဲ့ပြီး ပါတီ ​၏မူဝါဒ ရေတို ရေရှည် အစီအမံများ ပါတီ ဝင်အင်အားစိစစ်ရာတွင်လိုက်နာရမည့်အချက်များ အပါအဝင် ပါတီ လူငယ်အမျိုးသမီးဆိုင်ရာစီမံချက်များ ပါတီရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးမှာကြားကာ ပဲခူးအနောက်နယ်မြေအတွင်းရှိ ခရိုင်ပါတီများအတွက် တစ်ခရိုင်လျှင် တစ်သိန်းကျပ် ဆီ ခရိုင်ဥက္ကဋ္ဌများကိုယ်စား သာယာဝတီခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်ထံပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲကို နေ့လည် ၁နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။