ေတလာဆြစ္ရဲ့ ေဖ်ာ္ေျဖပြဲ႐ုပ္ရွင္ တစ္ကမၻာလုံးျဖန႔္ခ်ိမယ္

အေမရိကန္နာမည္ေက်ာ္ အဆိုေတာ္ ေတလာဆြစ္ ရဲ့ The Eras Tour စင္တင္ေဖ်ာ္ေျဖပြဲ႐ုပ္ရွင္ကို ကမၻာတစ္ဝန္းမွာ ျပသသြားမယ္လို႔ ေတလာဆြစ္ကိုယ္တိုင္ က ေျပာၾကားပါတယ္။ အခုလိုျပသသြားမွာနဲ႔ပတ္သက္ၿပီး ေတလာဆြစ္ က “ ဂီတေဖ်ာ္ေျဖပြဲခရီးစဥ္ကိုပဲ ကမၻာတစ္ဝန္းသယ္ေဆာင္လာမွာ မဟုတ္ပါဘူး။ အခုဆိုရင္ The Eras Tour concert film က ေအာက္တိုဘာ ၁၃ ရက္မွာ ကမၻာတစ္ဝန္းက ႐ုပ္ရွင္႐ုံေတြမွာ ေရာက္လာေတာ့မယ္ဆိုတာ အသိေပးရတာကို အလြန္ပဲ စိတ္လႈပ္ရွားပါတယ္”လို႔ သူ႔ရဲ့ အင္စတာဂရမ္ေပၚမွာ ေရးသားေဖာ္ျပထားပါတယ္။
ေတလာဆြစ္ ရဲ့ ေဖ်ာ္ေျဖပြဲ ရိုက္ကူးထားတဲ့ ဇာတ္ကားကို ကမၻာတစ္ဝန္းက ႐ုပ္ရွင္႐ုံ ၇၅၀၀ ေက်ာ္မွာ ျပသေရး သေဘာတူညီခ်က္ ရရွိေအာင္ ႀကိဳးစားေနတယ္လို႔ AMC Entertainment ကုမၸဏီ က ေျပာၾကားပါတယ္။
“Taylor Swift: The Eras Tour” ဇာတ္ကားကို နိုင္ငံေပါင္း တစ္ရာေက်ာ္မွာ ျပသဖို႔ စီစဥ္ထားၿပီး အမ်ားစုကို ေအာက္တိုဘာ ၁၃ ရက္ က စတင္ျပသမွာျဖစ္ပါတယ္။
-Ref: CNBC

=========================

တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲရုပ်ရှင် တစ်ကမ္ဘာလုံးဖြန့်ချိမယ်

အမေရိကန်နာမည်ကျော် အဆိုတော် တေလာဆွစ် ရဲ့ The Eras Tour စင်တင်ဖျော်ဖြေပွဲရုပ်ရှင်ကို ကမ္ဘာတစ်ဝန်းမှာ ပြသသွားမယ်လို့ တေလာဆွစ်ကိုယ်တိုင် က ပြောကြားပါတယ်။ အခုလိုပြသသွားမှာနဲ့ပတ်သက်ပြီး တေလာဆွစ် က “ ဂီတဖျော်ဖြေပွဲခရီးစဉ်ကိုပဲ ကမ္ဘာတစ်ဝန်းသယ်ဆောင်လာမှာ မဟုတ်ပါဘူး။ အခုဆိုရင် The Eras Tour concert film က အောက်တိုဘာ ၁၃ ရက်မှာ ကမ္ဘာတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ ရောက်လာတော့မယ်ဆိုတာ အသိပေးရတာကို အလွန်ပဲ စိတ်လှုပ်ရှားပါတယ်”လို့ သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ ရေးသားဖော်ပြထားပါတယ်။
တေလာဆွစ် ရဲ့ ဖျော်ဖြေပွဲ ရိုက်ကူးထားတဲ့ ဇာတ်ကားကို ကမ္ဘာတစ်ဝန်းက ရုပ်ရှင်ရုံ ၇၅၀၀ ကျော်မှာ ပြသရေး သဘောတူညီချက် ရရှိအောင် ကြိုးစားနေတယ်လို့ AMC Entertainment ကုမ္ပဏီ က ပြောကြားပါတယ်။
“Taylor Swift: The Eras Tour” ဇာတ်ကားကို နိုင်ငံပေါင်း တစ်ရာကျော်မှာ ပြသဖို့ စီစဉ်ထားပြီး အများစုကို အောက်တိုဘာ ၁၃ ရက် က စတင်ပြသမှာဖြစ်ပါတယ်။
-Ref: CNBC