ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဧကာဒသမအႀကိမ္ေျမာက္ ဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းပြဲ အခမ္းအနားက်င္းပျပဳလုပ္

စက္တင္ဘာ ၂၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ဧကာဒသမအႀကိမ္ေျမာက္ ဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းပြဲအခမ္းအနားကို ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္ေန႔ နံနက္ ၀၉၃၀ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမအတြင္း၌ စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ခဲ့ပါသည္။
အခမ္းအနားကို နေမာတႆ သုံးႀကိမ္ရြတ္ဆိုဖြင့္လွစ္ၿပီး ပ်ဥ္းမနားၿမိဳ႕ ပါဠိတကၠသိုလ္ မဂၤလာေဇယ်ဳံပရိယတၱိစာသင္တိုက္ ပဓါနနာယက၊ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမေဇာတိကဓဇ ဘဒၵႏၲဝိမလဗုဒၶိထံမွ အဂၤါ(၅)ပါးႏွင့္ျပည့္စုံေသာ သီလေတာ္ျမတ္အား ခံယူေဆာက္တည္ခဲ့ၾကပါသည္။ ထို႔ေနာက္ ႂကြေရာက္ေတာ္မူလာၾကသည့္ ဆရာေတာ္အရွင္သူျမတ္မ်ားက ပရိတ္တရားေတာ္မ်ား ရြတ္ပြားခ်ီးျမႇင့္ခဲ့ၾကပါသည္။
ဆက္လက္ၿပီး ပါတီဥကၠ႒ ဦးခင္ရီႏွင့္ဇနီး၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္းႏွင့္ဇနီး၊ ဦးမ်ိဳးေဇာ္သိန္း၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဦးစီး႐ုံးအရာရွိမ်ား၊ အဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ားမွ လႉဘြယ္ပစၥည္းမ်ားဆက္ကပ္လႉဒါန္းၾကၿပီး ပါဠိဆရာေတာ္ႀကီး ခ်ီးျမႇင့္သည့္ အႏုေမာဒနာတရားနားၾကားခဲ့ၿပီး ေရစက္သြန္းခ် အမၽွေပးေဝျခင္းတို႔ျပဳလုပ္ၿပီး “ဗုဒၶသာသနံ စိရံ တိ႒တု” သုံးႀကိမ္ရြတ္ဆိုဆုေတာင္းကာ အခမ္းအနားကို ႐ုတ္သိမ္းခဲ့ပါသည္။
ယေန႔က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ဧကာဒသမအႀကိမ္ေျမာက္ ဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းပြဲအခမ္းအနားသို႔ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ဇနီး၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္းႏွင့္ဇနီး၊ ဦးမ်ိဳးေဇာ္သိန္း၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ားႏွင့္ မိသားစုဝင္မ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ားႏွင့္ မိသားစုဝင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ပါတီဌာနခ်ဳပ္မွ ဌာနမႉးမ်ား၊ ဒုတိယဌာနမႉးမ်ား၊ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ား စုစုေပါင္း (၄၉၀)ဦး တက္ေရာက္ခဲ့ၾကပါသည္။

========================================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဧကာဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပပြုလုပ်
စက်တင်ဘာ ၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဧကာဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၀၉၃၀ အချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ပျဥ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိစာသင်တိုက် ပဓါနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ အင်္ဂါ(၅)ပါးနှင့်ပြည့်စုံသော သီလတော်မြတ်အား ခံယူဆောက်တည်ခဲ့ကြပါသည်။ ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်းနှင့်ဇနီး၊ ဦးမျိုးဇော်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဦးစီးရုံးအရာရှိများ၊ အဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ လှူဘွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ပါဠိဆရာတော်ကြီး ချီးမြှင့်သည့် အနုမောဒနာတရားနားကြားခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ပြုလုပ်ပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဧကာဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်းနှင့်ဇနီး၊ ဦးမျိုးဇော်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများနှင့် မိသားစုဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် မိသားစုဝင်များ၊ ဗဟိုကော်မတီဝင်များ၊ ပါတီဌာနချုပ်မှ ဌာနမှူးများ၊ ဒုတိယဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း (၄၉၀)ဦး တက်ရောက်ခဲ့ကြပါသည်။