
နေပြည်တော်၊ ဩဂုတ် ၂၅



===============================================

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ရုံးအုပ်နှင့်စာရေးများ ကွန်ပျူတာ အဆင့်မြင့်သင်တန်းအမှတ်စဉ်(၁) အား ပါတီဥက္ကဋ္ဌနှင့် အဖွဲ့စစ်ဆေးကြည့်ရှု

နေပြည်တော်၊ ဩဂုတ် ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ရုံးအုပ်နှင့် စာရေး များကွန်ပျူတာအဆင့်မြင့်သင်တန်း အမှတ်စဉ်(၁)ကို (၂၁-၈-၂၀၂၃)ရက်နေ့တွင် ဦးစီးရုံးအဖွဲ့ဝင်များသင်တန်းအခန်းတွင် ဖွင့်လှစ်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ (၂၃)ရက်နေ့၊ (၁၅၃၀)အချိန်တွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး တို့နှင့်အတူ စစ်ဆေးကြည့်ရှုခဲ့ပြီး သင်တန်းတက်ရောက်နေသူများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ပါသည်။

အဆိုပါ ကွန်ပျူတာအဆင့်မြင့်သင်တန်းအမှတ်စဉ်(၁)ကို ရုံးအုပ်၊ စာရေး သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၀)ဦး တက်ရောက်လျှက်ရှိပြီး (၂၁-၈-၂၀၂၃) ရက်နေ့မှ (၁-၉-၂၀၂၃) ရက်နေ့ထိ ရက်သတ္တ (၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ သင်တန်းဖွင့်ပွဲအား အထွေထွေအတွင်းရေးမှူး၏ ကိုယ်စား ဌာနချုပ်မှူး ဦးသောင်းရွှေမှ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။