ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်မှရုပ်သိမ်းပေးရေး အဆိုတင်သွင်းခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

 

နေပြည်တော် ဇွန် ၁
===============
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ဌာနချုပ် အစည်းအဝေးခန်းမ(၂)တွင် ယနေ့ မွန်းလွဲ ၃နာရီတွင် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် တင်သွင်းသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်မှရုပ်သိမ်းပေးရေး အဆိုတင်သွင်းခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် လွှတ်တော်ကိုယ်စားလှယ် များဖြစ်ကြသော ဦးသောင်းအေး၊ ဦးမောင်မြင့်၊ ဒေါက်တာမောင် သင်းနှင့် ဦးစိုင်းထွန်းစိန်တို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြပြီး မီဒီယာများ၏မေးမြန်း ချက်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲအား ညနေ ၄နာရီ ၁၅မိနစ်တွင် ရုပ်သိမ်းခဲ့သည်။ ရှင်းလင်းပွဲဆွေးနွေးချက်များအား ဆက်လက် ဖော်ပြပါမည်။