ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ ရန္ကုန္တိုင္းေဒသႀကီး တိုင္း/ခရိုင္ လုပ္ငန္းညႇိႏွိုင္းအစည္းအေဝးသို႔ ပါတီဒုတိယဥကၠဌ ဦးမ်ိဳးေဇာ္သိန္း တက္ေရာက္

ရန္ကုန္ ၾသဂုတ္ ၁၀

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ ရန္ကုန္တိုင္းေဒသႀကီး တိုင္း/ခရိုင္ လုပ္ငန္းညႇိႏွိုင္းအစည္းအေဝးကို ယေန႔နံနက္ ၁၀ နာရီအခ်ိန္က ရန္ကုန္တိုင္းပါတီ႐ုံး အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
အစီအစဥ္အရ ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠဌ ဦးမ်ိဳးေဇာ္သိန္းမွ အမွာစကားေျပာၾကာရာ ဖြဲ႕စည္းပုံအဆင့္ဆင့္တြင္ ရယူထားသည့္ေနရာအလိုက္ တာဝန္ယူမႈ၊ တာဝန္ခံမႈ ဟန္ခ်က္ညီေအာင္ ေဆာင္ရြက္ရန္လိုအပ္ေၾကာင္း၊ ပါတီနိုင္ငံေရးလုပ္ငန္းစဥ္ဆိုသည္မွာ နယ္ပယ္အသီးသီးရဲ့ အေျခအေန အရပ္ရပ္ကို ရႈေထာင့္ေပါင္းစုံမွ ရႈ႔ျမင္၍အမွန္သိရန္လိုအပ္ေၾကာင္း၊ အမွန္သိမွ အသိမွန္၊ အေတြးမွန္၊ ဆုံးျဖတ္မွန္၊အလုပ္မွန္ၿပီး ပန္းတိုင္ေရာက္မည္ျဖစ္ေၾကာင္း၊ နိုင္ငံ့အက်ိဳး၊ ျပည္သူ႔အက်ိဳး ႏွင့္ ျပည္သူ႔အနာဂတ္အတြက္ ေရွးရႈ၍ ေဆာင္ရြက္ရန္လိုအပ္ေၾကာင္း၊ နိုင္ငံေရးအဖြဲ႕အစည္းျဖစ္သည့္အတြက္Top down ႏွင့္ bottom up မၽွတရန္ လိုအပ္ေၾကာင္း၊ ပါတီတြင္း စည္းလုံးညီညြတ္မႈက်စ္လစ္ခိုင္မာေရး အရည္အခ်င္းျပည့္ဝၿပီး ေအာက္သက္ေက်ေသာ၊ ရင့္က်က္ေသာ လူငယ္မ်ားျဖစ္ရန္ လက္တြဲေခၚယူ၍ ေလ့က်င့္ေပးရန္ ေနရာေပးရန္လိုအပ္ေၾကာင္းႏွင့္ အျခားလိုအပ္သည္မ်ားကိုထည့္သြင္းေဆြးေႏြးမွာၾကားခဲ့သည္။ဆက္လက္၍ ရန္ကုန္တိုင္းေဒသႀကီး တိုင္းပါတီဥကၠဌ ဦးခင္ေမာင္စိုးက ျပည္ခိုင္ၿဖိဳးပါတီ ရန္ကုန္တိုင္းေဒသႀကီး တိုင္း/ခရိုင္/ၿမိဳ႕နယ္အလိုက္ ဖြဲ႕စည္းထားပုံႏွင့္ ပါတီဝင္အင္အားစာရင္းအား powerpoint ျဖင့္ အက်ယ္တဝင့္ ရွင္းလင္းတင္ျပခဲ့ပါသည္။
ထို႔ေနာက္ တက္ေရာက္လာၾကေသာ တိုင္းေကာ္မတီဝင္မ်ားႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ (၁၄) ခရိုင္မွ ခရိုင္ပါတီဥကၠဌမ်ားက တိုင္း/ခရိုင္အလိုက္ ကြင္းဆင္းလႈပ္ရွား ေဆာင္ရြက္ခ်က္မ်ားႏွင့္ လိုအပ္ခ်က္မ်ားအား အသီးသီးတင္ျပခဲ့ၾကၿပီး ျပည္ခိုင္ၿဖိဳးပါတီဒုတိယဥကၠဌမွ လိုအပ္သည္မ်ား ေပါင္းစပ္ညႇိႏွိုင္းေဆာင္ရြက္ေပးခဲ့ကာ ေန႔လည္ ၂နာရီ ၃၀မိနစ္အခ်ိန္၌ အစည္းအေဝး ရပ္နားခဲ့ေၾကာင္း သိရသည္။

=======================================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်း/ခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိန်း တက်ရောက်

 

ရန်ကုန် သြဂုတ် ၁၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်း/ခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစီအစဥ်အရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးမျိုးဇော်သိန်းမှ အမှာစကားပြောကြာရာ ဖွဲ့စည်းပုံအဆင့်ဆင့်တွင် ရယူထားသည့်နေရာအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု ဟန်ချက်ညီအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပါတီနိုင်ငံရေးလုပ်ငန်းစဥ်ဆိုသည်မှာ နယ်ပယ်အသီးသီးရဲ့ အခြေအနေ အရပ်ရပ်ကို ရှုထောင့်ပေါင်းစုံမှ ရှု့မြင်၍အမှန်သိရန်လိုအပ်ကြောင်း၊ အမှန်သိမှ အသိမှန်၊ အတွေးမှန်၊ ဆုံးဖြတ်မှန်၊အလုပ်မှန်ပြီး ပန်းတိုင်ရောက်မည်ဖြစ်ကြောင်း၊ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး နှင့် ပြည်သူ့အနာဂတ်အတွက် ရှေးရှု၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့်အတွက်Top down နှင့် bottom up မျှတရန် လိုအပ်ကြောင်း၊ ပါတီတွင်း စည်းလုံးညီညွတ်မှုကျစ်လစ်ခိုင်မာရေး အရည်အချင်းပြည့်ဝပြီး အောက်သက်ကျေသော၊ ရင့်ကျက်သော လူငယ်များဖြစ်ရန် လက်တွဲခေါ်ယူ၍ လေ့ကျင့်ပေးရန် နေရာပေးရန်လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များကိုထည့်သွင်းဆွေးနွေးမှာကြားခဲ့သည်။ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးက ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ်အလိုက် ဖွဲ့စည်းထားပုံနှင့် ပါတီဝင်အင်အားစာရင်းအား powerpoint ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော တိုင်းကော်မတီဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (၁၄) ခရိုင်မှ ခရိုင်ပါတီဥက္ကဌများက တိုင်း/ခရိုင်အလိုက် ကွင်းဆင်းလှုပ်ရှား ဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များအား အသီးသီးတင်ပြခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နေ့လည် ၂နာရီ ၃၀မိနစ်အချိန်၌ အစည်းအဝေး ရပ်နားခဲ့ကြောင်း သိရသည်။