ဖြိုးစေတနာ သွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသခြင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ဆောင်

ရန်ကုန်၊ သြဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသရေးအဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၄၁ – တိုးချဲ့) တော်ဝင်အိမ်ရာ သန္တိသုခ သာသနာ့ဗိမာန်တော်တွင် သွားနှင့်ခံတွင်းရောဂါဝေဒနာရှင်များ ကို အခမဲ့ ကွင်းဆင်းကုသ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သွားနှင့်ခံတွင်းရောဂါ အခမဲ့ ဆေးကုသရေးအဖွဲ့တွင် မြို့နယ်ပါတီကော်မတီဝင် ဒေါက်တာ ဇော်လင်းပြုံး နှင့် သွားနှင့်ခံတွင်း ရောဂါကုဆရာဝန် ဒေါက်တာခိုင်ဇင်အောင်တို့က ဝေဒနာရှင် ၃၇ ဦး တို့ကို မွန်းလွဲ ၁ နာရီအထိ ကုသမှု ဆောင်ရွက်ပေးခဲ့သည်။

သွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသရာသို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ဘဏ္ဍာရေးမှူး ဒေါ်ဝင်းဝင်းအောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကျော်ထင်၊ ဦးဝင်းမင်းထွန်း၊ ဦးမြင့်ဦး၊ လူငယ် တာဝန်ခံ ဦးမင်းဇော်ဦးနှင့် ရပ်ကွက်ပါတီဥက္ကဋ္ဌ ဒေါ်ခင်မေသက်နှင့် ရပ်ကွက်များမှ ပါတီဥက္ကဋ္ဌများ၊ ပါတီ ကော်မတီဝင်များနှင့်သန္တိသုခ သာသနာ့ဗိမာန်တော်ဥက္ကဋ္ဌ ဦးတင်မြနှင့် အကျိုးတော်ဆောင်အဖွဲ့များက ပူးပေါင်း ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်ဆန်းအောင်