ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဒေသ အတွင်း ပြည်သူ့အကျိုးပြုဆောင်ရွက်ချက်များကို အစဉ်တစိုက်ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယခုလ ၁ဝ ရက် မွန်းလွဲ ၃ နာရီမှစ၍ အမှတ်(၁၃၃)ရပ်ကွက် ဟံသာဝတီလမ်းရှိ အမှတ်(၅)အခြေခံပညာအ ထက်တန်းကျောင်း၌ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် ပညာသင် ကြားလျက်ရှိသော ကျောင်းသားကျောင်းသူကလေးငယ်များ သွေးလွန် တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်အန္တရာယ်ကင်းဝေးစေရန် ခြင်ဆေးမှုတ်ခြင်းကို ညနေ ၅ နာရီအထိ မြို့နယ်ပါတီကော်မတီက မြို့နယ်တွဲဖက်အတွင်းရေးမှူး ဦးလှမျိုးနှင့် ကော်မတီဝင်များ အမှတ် (၁၃၃)ရပ်ကွက် ပါတီအဖွဲ့ခေါင်းဆောင်နှင့် ပါတီဝင်များ စုစုပေါင်း အင်းအား ၂၅ ဦးရှိသည့် ပြည်ခိုင်ဖြိုးပါတီဝင်များဖြင့် ဆောင်ရွက်ပေး ခဲ့ကြသည်။ ထို့အပြင် အထက(၅)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမ များမှလိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပြီး မိမိပါတီဝင် များအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

လှမျိုး(အရှေ့ဒဂုံ)


Leave a Reply