ဘုတလင်မြို့ ခုံမင်းကြီးရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ဘုတလင် ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့ ခုံမင်းကြီး ရပ်ကွက် ဦးကျော်နိုင်ဝင်း၏နေအိမ် ခြံဝင်းအတွင်း၌ ယမန်နေ့နံနက် ၁၁နာရီခွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ပြု လုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မုံရွာခရိုင် ပါတီကော်မတီဝင် ဦးစိန်ဝင်း လှိုင်၊ ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်း ရေးမှူးဦးသက်နိုင်ဦး၊ အမျိုးသမီးရေးရာတာဝန်ခံဒေါ်ခိုင်ညိမ်းသူ၊ မြို့နယ်ကော်မတီဝင်များနှင့် ကျေးရွာပြည်ခိုင်ဖြိုးပါတီ ဝင်များတက် ရောက်ခဲ့ကြောင်း သိရသည်။

ရွှေကျီစု(ဘုတလင်)