မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း

မကွေး၊ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် မင်းဘူး / စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ယမန်နေ့နံနက်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မျက်နှာစုံညီအစည်းအဝေးကို ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းကော်မတီဝင်များ ဖြစ်ကြသော ဦးအောင်နိုင်၊ ဦးကျော်သူဦးနှင့် မင်းဘူးခရိုင် မင်းဘူး/ စကုမြို့နယ်ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

အစီအစဉ်အရ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ ပါတီစည်းရုံးရေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို မှာကြားပြီး ခရိုင်နှင့်မင်းဘူးမြို့နယ်ကော်မတီဝင်များမှ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများကို ပြန်လည် ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)