ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၁၈) ဖွင့်ပွဲ တက်ရောက်

မုံရွာ၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအခမ်းအနားကို မုံရွာမြို့နယ် ပါတီရုံး၌ ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီကော်မတီဝင် မုံရွာခရိုင်တာဝန်ခံ ဒေါက်တာဝင်းမြင့်အောင်နှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မုံရွာခရိုင်ပါတီဥက္ကဌ ဦးအောင်တိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မုံရွာခရိုင်အတွင်းရှိ ၄ မြို့နယ် မှ သင်တန်းသား / သူများ စုစုပေါင်း (၆၅) ဦး တက်ရောက်ကြပါသည်။

အခမ်းအနားတွင် တက်ရောက်လာသူအားလုံးမှ နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာ မြင့်သိန်းမှ အဖွင့်အမှာစကားပြောကြားပါသည်။

မြင့်အောင် (မုံရွာ)

၀၉ – ၆၉၂၀၃၈၃၈၁

စက / ၀၀၇