ဒေါပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနာဂတ်နိုင်ငံရေးခေါင်းစဉ်ဖြင့် ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီ က ” အနာဂတ်နိုင်ငံရေး ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းပါတီကော်မတီ ဝင် ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှမြင့်တို့တက်ရောက်ပြီး ဦးဆောင် ဆွေးနွေးသူများအဖြစ် ဆောင်ရွက်၍ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိတ်ပါ ဝင်စားသူများက သိလိုသည်များကို ပြန်လည် ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။ ဆွေးနွေးပွဲသို့ အင်အား စုစုပေါင်း ၈ဝ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်(ဒေါပုံ)