လိုင်သာယာ အမှတ်(၁၆) ၇ပ်ကွက်တွင် ပါတီဝင်အင်အား ကွင်းဆင်းစီစစ်

လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၃.၅.၂၀၁၇) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်မှ စတင်ကာ လှိုင်သာယာမြို့နယ် အမှတ် (၁၆) ရပ်ကွက်သို့ ကွင်းဆင်း၍ ပါတီဝင်အင်အား စီစစ်ခြင်းနှင့် ပါတီဝင် နှစ်စဉ် ကြေး ပေးသွင်းရေး၊ ပါတီဝင်သစ်များ တိုးပွားရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုး (ယာယီ) ဥက္ကဌ ဦးဇေယျာအောင် ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ကျော်မိုး၊ ဦးမြင့်သိန်း၊ ဦးမောင်မောင်မြင့်၊ အရံကော်မတီဝင် ဦးရဲဝင်းရှိန်နှင့် ဦးအောင်ဟန်ဦးတို့ လိုက်ပါပြီး အမှတ် (၁၆) ရပ်ကွက်ပါတီကော်မတီဝင်များ ပူးပေါင်း၍ ပြည်သူ များ၏နေအိမ်များသို့ တစ်အိမ်ဝင် တစ်အိမ်ထွက် ကွင်းဆင်းစီစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။