ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် အောင်လံမြို့နယ် ရွာထောင်ရပ်ကွက် ပါတီဆိုင်းဘုတ်တင်ခြင်းနှင့် အဆိုပြုလွှာများ ပေးအပ်ပွဲသို့ တက်ရောက်

 

အောင်​လံ စက်​တင်​ဘာ ၃၀

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးတင်​​အောင်​ချစ်​သည်​ ၃၀-၉-၂၀၁၉ နံနက်​ ၈း၃၀ နာရီအချိန်​တွင်​ မ​ကွေးတိုင်း​ဒေသကြီး ​ ​အောင်​လံမြို့နယ်​ ရွာ​ထောင်​ရပ်​ကွက်​ ​အောင်​​မြေ​ရွှေဝါဓမ္မာရုံ၌ ရပ်​ကွက်​ပါတီ​ခေါင်း​ဆောင်​များ၊ ရပ်​မရပ်​ဖအဖွဲ့ဝင်​များနှင့်​​ တွေ့စုံပြီး ပါတီ၏ လုပ်​ငန်းစဉ်​-ရည်​ရွယ်​ချက်​များအား ရှင်းလင်း​ဆွေး​နွေးကာ ရပ်​ကွက်​တာဝန်​ရှိသူများမှလည်း လိုအပ်​သည့်​ အ​ချက်​အလက်​များအား ပြန်လည်​တင်​ပြ​ဆွေး​နွေး ခဲ့ကြပါသည်​။ ၎င်း​နောက်​ နံနက် ​၁၀း၃၀ နာရီအချိန်​၌ ပါတီရုံး အစည်းအ​ဝေး ခန်းမ၌ မြို့နယ်​ပါတီ​ကော်​မတီဝင်​များနှင့်​ ​တွေ့စုံကာ မြို့နယ်​မှ လုပ်​​ဆောင်​လျက်​ရှိသည့်​ အ​ခြေအ​နေများကို နယ်​​မြေ​ဒေသအလိုက်​ တင်​ပြ​ဆွေး​နွေးကြရာ လိုအပ်​သည်​များကို ဖြည့်​စွက်​​ဆွေး​နွေး ညှိုနှိုင်းခဲ့ကြပါသည်​။ ဆက်​လက်​၍ ဗဟိုအတွင်း​ရေးမှူး ဦးတင်​​အောင်​ချစ်​ မြို့နယ်​ပါတီဥက္ကဌနှင့်​ အဖွဲ့ဝင်​များသည်​ ​မွန်းလွဲ ၂း၀၀ အချိန်​၌ အောင်​လံမြို့နယ်​ ​ရေနံကြီးအ​ခြေစိုက်​ ကြက်​ရုံး​လေးအုပ်​စု ပါတီဆိုင်းဘုတ်​တင်​ခြင်းနှင့်​ အဆိုပြုလွှာ​ပေးအပ်​ပွဲသို့ သွား​ရောက်​ကာ ကြက်​ရုံး​လေး​ကျေးရွာ ရွာဦး​ကျောင်းဆရာ​တော်​အား ဖူး​မျှော်​ကြည်​ညိုပြီး လှူဖွယ်​ဝတ္ထုများ ဆက်​ကပ်​လှူဒါန်းခဲ့ကြပါသည်​။ ပါတီဆိုင်းဘုတ်​တင်​ခြင်း အခမ်း အနားတွင်​ ဗဟိုအတွင်း​ရေးမှူး ဦး​ဆောင်​​သော ပါတီ​ခေါင်း​ဆောင်​များမှ အ​မွှေးနံသာရည်​များ ဆွတ်​ဖျန်းကာ ​အောင်​မြင်​စွာ စိုက်​ထူခဲ့ကြပြီး အဆိုပြုလွှာ​ပေးအပ်​ပွဲ တက်​​ရောက်​ကာ ပါတီဝင်​များအား ကြိုဆိုနှုတ်​ခွန်းဆက်​စကား​ ပြောကြားပြီး အဆိုပြုလွှာများအား အုပ်​စုပါတီဥက္ကဌနှင့်​​ ကော်​မတီဝင်​တို့မှ​ပေးအပ်​ရာ မြို့နယ်​ပါတီဥက္ကဌမှ လက်​ခံရယူခဲ့ပါသည်​။ ​ကျေးရွာအထကခွဲ ​ကျောင်း​ဆောင်​​ဆောက်​လုပ်​​ရေး အတွက်​ ဘိလပ်​​မြေ (၅၀) အိတ်​ကိုလည်း လှူဒါန်းခဲ့ပါသည်​။