ပြင်ဦးလွင်မြို့နယ်ပြည်ခိုင်ဖြိုးဝင်လူငယ်များ၏ ကျေးရွာသူ/သားများရဲ့ ဆီမီးပူဇော်ပွဲ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် ဆင်ခေါင်းကြီးကျေးရွာအုပ်စု၊ လယ်ကြီးတောကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ ပူးပေါင်း၍ သီတင်းကျွတ် လပြည့်ကျော် (၁) ရက် (၁၇-၁၀-၂၀၁၆) ရက်နေ့တွင် လယ်ကြီးတောကျေးရွာတွင် တည်ထားကိုးကွယ်သည့် မဟာသန္တိသုခ ကျောက်တောင်စေတီတော်တွင် ဆီမီး (၅၀၀၀) လှူဒါန်းပူဇော်ခဲ့ကြသည်။

14670688_1101607129934769_7653239475208619516_n

မြတ်စွာဘုရားအားဆီမီးပူဇော်ပွဲတွင် ညံညင်းသာကျေရွာ ဒိုးပတ်ဝိုင်း၊ တိုးနယားအက၊ ဦးရွှေရိုးနှင့် ဒေါ်မိုးအက ဓမ္မတေးသီချင်းများ၊ ဇာတိမာန်သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် လူငယ်အင်အား (၁၀၀)ခန့်၊ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်ခိုင်ဖြိုး ဝန်းရံအင်အား(၃၀၀)ခန့် စုစုပေါင်း အင်အား (၄၀၀)ခန့်မှ စေတီတော်တွင် ဆီမီးများ ထွန်းညှိပူဇော်ကြည်ညိုကြကာ စတုဒီသာအနေဖြင့် ကြာဇံဟင်းခါး အချိန်(၁၀၀) ဧည့်ခံ ကျွေးမွေး လှူဒါန်းဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး(ပြင်ဦးလွင်)

 


Leave a Reply