ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီမှ “တွဲလက်သပြေပရဟိအသင်း” နှင့် ကျေးရွာမီးလင်းရေးကော်မတီတို့အား အလှူငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစိုးစိုးထွန်း ဦးဆောင်၍ ပါတီကော်မတီဝင်များ လိုက်ပါလျက် အောက်တိုဘာ (၁၇) ရက် နံနက် (၁၀) နာရီအချိန်က ကျောက်ဆည်မြို့နယ် သပြေတောကျေးရွာ နတ်တောကျောင်း ဆရာတော်ဦးရာဇိန္ဒ ဦးစီးသြဝါဒပြု၍ “တွဲလက် သပြေပရဟိတအသင်း” အား မတည်အလှူငွေ (၁၃၀၀၀၀) ကျပ်ငွေအား မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်း နှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဦးဆွေဦးတို့မှ ဆပ်ကပ်လှူဒါန်းရာ ဦးစီးသြဝါဒ ဆရာတော် ဦးရာဇိန္ဒမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

14563340_1101263823302433_577939306780145246_n

ဆက်လက်၍ မြို့နယ်ပါတီဥက္ကဌနှင့် ကော်မတီဝင်များသည် ၁၁း၃၀ အချိန်တွင် အိမ်ခြေ ၃၅၀ ရှိ ရဲဘော်ကြီး ကျေးရွာ ကိုယ်ထူကိုယ်ထ ကျေးလက်လျှပ်စစ်မီးလင်းရေးအတွက် မီးလင်းရေးကော်မတီဥက္ကဌ ဦးအောင်ခိုင်စိုးနှင့် အဖွဲ့ဝင်များအား ပါတီဥက္ကဌ ဦးစိုးစိုးထွန်းမှ ကျေးလက် မီးလင်းရေးအတွက် ထောက်ပံ့အလှူငွေ ( ၁၃၀၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး 


Leave a Reply