စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲကျင်းပ

 

ဝက်လက် ဧပြီ ၂၅

ရွှေဘိုမြို့နယ်ပါတီရုံး၌ ရွှေဘို မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ် ညီလာခံအကြိုလူငယ်တွေ့ဆုံပွဲကို အပိုင်းလေးပိုင်းဖြင့် ယနေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

ပထမပိုင်းတွင် နိုင်ငံတော်အလံ အားအလေးပြုခြင်း၊ နိုင်ငံတော် သီချင်းသီဆိုခြင်း၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားခြင်းနှင့် မြို့နယ်လူငယ် တာဝန်ခံဦးသိန်းနိုင်ဝင်းက ကျင်းပ မည့်အစီအစဉ်များအားရှင်းလင်း တင်ပြကြသည်။ ဒုတိယပိုင်းတွင် နိုင်ငံရေးကဏ္ဍနှင့်စည်းရုံးရေးကဏ္ဍ ခေါင်းစဉ်တို့ကို အစုအဖွဲ့အလိုက် ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဖတ်ကြားတင်သွင်းခြင်းများ ဆောင် ရွက်ခဲ့ကြသည်။

တတိယပိုင်းတွင် တိုင်းဒေသ ကြီးလူငယ်လှုပ်ရှားမှုအဖွဲ့ဝင်လောင်း ခုနစ်ဦးရွေးချယ်ခြင်း၊ တိုင်းဒေသ ကြီးလူငယ် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရမည့် ကိုယ်စားလှယ် ရွေးချယ်ခြင်း၊ ဗဟိုလူငယ်ညီလာခံ သို့ တက်ရောက်ရမည့် ကိုယ်စား လှယ်ရွေးချယ်ခြင်းတို့ကို ဆောင် ရွက်ကြသည်။

စတုတ္ထပိုင်းတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇော်ဇော်က နိဂုံးချုပ်အမှာ စကားပြောကြားပြီး ပြည်ခိုင်ဖြိုး လူငယ်သီချင်းသီဆိုကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြသည်။အဆိုပါ အခမ်းအနားသို့ စစ်ကိုင်း တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဝင်းထွန်း၊ ရွှေဘိုခရိုင်ပါတီ ကော်မတီဝင်များ၊ ရွှေဘိုမြို့နယ် ပါတီကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်လူငယ်ကော်မတီဝင်များ၊ မျိုးဆက်သစ်လူငယ်မောင်မယ်များ အင်အား ၁၃၄ဦး တက်ရောက်ခဲ့ သည်။

စိမ်းနိုင်(ဝက်လက်)