သပိတ်ကျင်းပြည်ခိုင်ဖြိုးရဲ့ သီတင်းကျွတ် အလှူဒါန

သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၁၆ ရက်) တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိသားစုများမှ သပိတ်ကျင်းမြို့ရှိ ဥပုသ်သီလ ဆောက်တည် နေသော ယောဂီသူတော်ကောင်းအပေါင်းတို့အား အဟာရဒါနအလှူများကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ကြသည်။

new-picture-1

ထို့ပြင် သပိတ်ကျင်းမြို့နယ် တကောင်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သော ဓမ္မစကူး ကျောင်းသူ ကျောင်းသားလေးများ၏ သီတင်းကျွတ်လပြည့်နေ့ မြို့အတွင်းလှည့်လည်လို့ ပရိတ်ပဌာန်း အဘိဓမ္မာ ဒေသနာ များရွတ်ဖတ် ပူဇော်ပွဲသို့ သပိတ်ကျင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးထွန်းတင့် အပါအဝင် ပြည်ခိုင်ဖြိုးပါတီ မိသားစုများမှ လှည့်လည်ရေးကားများ တာဝန်ယူဆောင်ရွက်ပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး 


Leave a Reply