ကျိုက်မရောမြို့နယ်ပြည်ခိုင်ဖြိုး လပတ်ပုံမှန် ညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန် ညှိနှိုင်း အစည်းအဝေးကို ဇွန်လ (၁၃)ရက်နေ့ နံနက် (၁၁) နာရီချိန်မှ မွန်းတည့်(၁၂) နာရီချိန်ထိ မြို့နယ် ပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌမှ ပါတီရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် များအား တက်ရောက် လာသော ရပ်/ကျေး (ပ)၊ (ဒု) ခေါင်းဆောင်များအား ချပြ ဆွေးနွေးပြီး၊ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်မွန်မှ မိမိတို့မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ လွှတ်တော်တွင် တင်ပြ ပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၀ တွင် မိမိပါတီအောင်နိုင်ရေးအတွက် အားလုံး တွဲလက် ညီညီ ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

အစည်းအဝေးသို့ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီအတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး(ပ)၊ (ဒု) ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မုဒုံသား


Leave a Reply