ပြည်ခိုင်ဖြိုပါတီဥက္ကဌဦးသိန်းစိန် ပုသိမ်မြို့ရွှေမုဋ္ဌောစေတီတော်သို့ သွားရောက်ဖူးမျှော်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ ဒုဥက္ကဋ္ဌ ဦးဌေးဦးနှင့် ပါတီဗဟိုကော်မတီဝင်များသည် ဇွန်လ (၁၃) ရက်နေ့ ညနေ (၆) နာရီခွဲအချိန်က ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်သို့ သွားရောက်ဖူးမြော်၍ ဆီးမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ခဲ့ကြောင်း သိရှိရသည်။ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပုသိမ်မြို့ မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်၌ သံဃာအပါး (၁၀၀၀) ဆွမ်းလောင်းလှူပွဲကို ယနေ့ (ဇွန်လ ၁၄ ရက်) နံနက်က ကျင်းပခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းတို့ တက်ရောက်ဆွမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။