တိုင်းပြည်အတွက် ဝိဇ္ဇာဘာသာတွေကိုလည်း တန်းဖိုးထားသင်ယူကြဖို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ တိုက်တွန်း

 

ရန်ကုန်၊ စက်တင်ဘာ ၁

နိုင်ငံတော်နဲ့လူမျိုးတွေအတွက် ဝိဇ္ဇာဘာသာ ပညာရပ်တွေက အလွန်အင်မတန်မှ အထောက်အကူပြုတဲ့ ဘာသာရပ်တွေ ဖြစ်တာကြောင့် တန်းဖိုးထားပြီးသင်ယူကြဖို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးမှ တိုက်တွန်းပြောဆို ခဲ့ပါသည်။

ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ကျောက်တန်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် မိသားစုများ၏ ပညာရည်ချွန်ဆုပေးပွဲ အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။

“ ဝိဇ္ဇာပညာရပ် သမိုင်းတို့ ပထဝီတို့ကိုသွားပြီး အထင်မသေးကြရန်နှင့် တိုင်းပြည်အတွက် နိုင်ငံသားတစ်ယောက် အတွက် အဲဒီပညာရပ်တွေက အထောက်အကူပေးပါတယ်။ တစ်ကယ်ကို နိုင်ငံသားစစ်စစ် အမာခံနိုင်ငံသားစစ်စစ် နိုင်ငံတာဝန်ကျေပွန်တဲ့ သူတွေဖြစ်ဖို့ အဲဒီပညာရပ်တွေက အထောက်အကူပြုပါတယ်”လို့ ပြည်ထောင်စုကြံခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေးက ကျောင်းသားေ ကျာင်းသူတွေကို ပြောဆိုခဲ့ပါသည်။

အဆိုပါ ပညာရေချွန်ဆုပေးပွဲ ဆယ်တန်းအောင်မြင်သူ ၂၆၂ ဦးနဲ့ ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူး ငါးဘာသာက၊ သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာ ထူးချွန်းအောင်မြင်တဲ့ သူ စုစုပေါင်း ၄၀ ဦးကို ဂုဏ်ပြုခဲ့တာဖြစ်ပြီး ဒီအကြိမ်ဟာ စတုတ္တအကြိမ်မြောက် ပြည်ခိုင်ဖြိုးပါတီ မိသားစုဝင်များရဲ့ ထူးချွန်းကျောင်းသား ကျောင်းသူများကို ပြည်ခိုင်ဖြိုးပါတီနဲ့ TRI ဖောင်ဒေးရှင်းမိသားစုတို့က ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်ပါသည်။