ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ တောင်ငူခရိုင်အတွင်းရှိ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

တောင်ငူ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဌဦးရဲမြင့်ထွန်း ဦးဆောင်သော တိုင်းပါတီကော်မတီဝင်များသည် မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်ပါတီ အစည်းအဝေးခန်းမတွင် တောင်ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်အသီးသီး၏ ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ နှင့်တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ပါတီ၏ဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီ၏ဥက္ကဌမှ လာရောက်တွေ့ဆုံရခြင်းအား ဆွေးနွေးခဲ့ရာတွင် ပါတီ၏ လုပ်ငန်းစီမံချက်ဖြစ်သော သုံးလတာ ရက်ပေါင်း ၉၀ အား အကောင်အထည်ဖော်ရာတွင် ရရှိကြုံတွေ့ခဲ့ရသော အားသာချက် ၊ အားနည်းချက်များ ၊ ပါတီဝင်များမြေပြင်စရင်းအမှန်စီစစ်ဆောင်ရွက်နေမှုများ၊ ဒုတိယ ရက်ပေါင်း ၉၀ ပါတီ၏လုပ်ငန်းစီမံချက်များအား မိမိတိုတိုင်းဒေသကြီးပါတီအနေဖြင့် ရာနှုန်းပြည့် ပြီးစီးအောင်မြင်နိုင်ရေး၊ မြိုနယ်များ၏ မြေပြင်အခြေအနေအမှန်ကို သိရှိထားမှုအခြေအနေများအား ချပြရှင်းလင်း ဆွေးနွေးခဲ့သည်။ တိုင်းပါတီအတွင်းရေးမှူးဦးအောင်နိုင်မှ ပါတီလုပ်ငန်းကိစ္စရပ်များ၊ လုပ်ငန်းစီမံချက်များ၊ မိမိတို့ ပါတီဝင်များ၏ လုံခြုံရေးတိုင်ရာကိစ္စရပ်များ စသည်တို့ကိုအကျယ်တစ်ဝင့်ရှင်းလင်းချပြဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ရေးရာကော်မတီတာဝန်ခံ တိုင်းပါတီကော်မတီဝင်များမှ လူငယ်ရေးရာကဏ္ဍ ၊ အမျိုးသမီးရေးရာကဏ္ဍ ၊ မီဒီယာကဏ္ဍ ၊ အလုပ်သမားရေးရာကဏ္ဍ ၊ လုပ်ငန်းစီစစ်ရေးဆိုင်ရာကိစ္စရပ်များအား အသီးသီးချပြဆွေးနွေးခဲ့သည်။ ဆွေးနွေးရှင်းလင်းချက်များအပေါ် ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌများမှ သက်ဆိုင်ရာ မြို့နယ်များ၏ ပါတီလုပ်ငန်းစီမံချက်များအကောင်အထည်ဖော်ဆောင်ရွှက်နေမှု၊ မြေပြင်ပါတီ၏ ပကတိ အခြေအနေများအား အသီးသီးတင်ပြဆွေးနွေးခဲ့သည်။ တင်ပြချက်များအပေါ်ပါတီ၏တာဝန်ရှိသူများမှ ပေါင်းစပ် ညှိနှိုင်းဆောင်ရွှက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီ၏ လုပ်ငန်းစီမံချက်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်း ၊ ခရိုင် ၊ မြို့နယ် ၊ ရပ်ကွက်/ကျေးရွာများအထိ စဉ်ဆက်မပြတ်ထိတွေ့ကာ ပါတီလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။