ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်နှင့် ရပ်ကွက်ပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရွှေပြည်သာ မတ် ၁၄

၁၄-၃-၂၀၂၃ နေ့ နံနက် ၁၀:၀၀ နာရီမှ ၁၆:၀၀ နာရီအထိတွင် ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမ၌ မြို့နယ်နှင့် ရပ်ကွက်ပါတီများ လုပ်ငန်းညှိနှိင်းအစည်းအဝေးကို မြို့နယ်နှင့် ရပ်ကွက်ပါတီများ စုစုပေါင်းအင်အား ၅၀ ဦးဖြင့် ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီ ယာယီဥက္ကဌဦးထွန်းထွန်းဦးက ပါတီ၏ဒုတိယရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ၊ ပါတီအောင်နိုင်ရေးလုပ်ငန်းစဉ်များကို  ဆွေးနွေးပြီး တက်ရောက်လာကြသူများ၏ တင်ပြချက်များကို ပြန်လည် ရှင်းလင်းကာ ပါတီဝင်အင်အားများကို စိစစ်ခြင်းဆောင်ရွက်ကြသည်။