ဒဂုံမြောက်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

 

ရန်ကုန်၊ ဇူလိုင် ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက်တွင် မြို့နယ်ပါတီရုံး၌ နှစ်စဉ်မပြတ် ဆပ်ကပ်နေကြ ဝါဆိုသင်္ကန်း အလှူအား ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူ၍ ဝါဆိုသင်္ကန်းများ ဆပ်ကပ်လှူဒါန်းပြီး မြို့နယ်ပါတီဥက္ကဌ ဦးသန်းစိုးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်များမှ ပါတီဥက္ကဌများနှင့် ပါတီ ကော်မတီဝင်များမှ လှူဒါန်းမူ အစုစုအတွက် ရေစက်သွန်းချ ခဲ့ကြပါသည်။