တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်တက္ကသိုလ်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာလင်းဇော်ထွန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ လေ့လာရေးခရီးစဉ်ထွက်ခွာ

မတ် ၁၅၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပါတီဥက္ကဋ္ဌ ဒေါက်တာလင်းဇော်ထွန်း ဦးဆောင်သည့် အဖွဲ့ဝင်(၁၀)ဦးပါ ကိုယ်သားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်တက္ကသိုလ်၏ ဖိတ်ကြားချက်အရ ယူနန်ပြည်နယ်သို့ ၁၅-၃-၂၀၂၃ ရက်နေ့မှ ၂၅-၃-၂၀၂၃ ရက်နေ့အထိ (၁၁)ရက်အကြာလေ့လာရေးခရီးစဉ်အား ယနေ့မွန်းလွဲ (၁၅၃၀)အချိန်တွင် ထွက်ခွာသည့် MU-2032 လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ပါသည်။

အဆိုပါ ဒေါက်တာလင်းဇော်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပါတီတာဝန်ရှိသူများ၊ နိုင်ငံတကာရေးရာ ကော်မတီမှ တာဝန်ရှိသူများမှ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။