မြစ်ကြီးနားမြို့နယ်ပါတီကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာပါတီကော်မတီများ တွေ့ဆုံ၊ စာရေးကိရိယာများ လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းသည် စက်တင် ဘာလ (၂၆) ရက် နေ့လည် (၁) နာရီတွင် ဆင်ဘိုပါတီရုံး ၌ စည်းရုံးရေး နယ်မြေ ဂွင် (၇) တာဝန်ခံ မြို့နယ်ပါတီ ကော်မတီဝင် ဦးစိုးညွန့်နှင့်အတူ ဆင်ဘိုမြို့အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပါတီ စည်းရုံးရေးမှူးးများ၊ ကော်မတီ ဝင်များနှင့် တွေ့ဆုံလျှက် ဒုတိယအကြိမ် ပါတီညီလာခံတွင် ပါတီဥက္က္ကဋ္ဌကြီး မိန့်ကြားလမ်းညွှန်ချက်များ၊ ရှေ့လုပ်ငန်းစဉ် များ အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရေး၊ ပါတီတွင်း စည်းလုံး ညီညွတ်ရေး၊ ကျစ်လစ်ခိုင်မာရေးတို့အား အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

ထိုနောက် နယ်မြေတာဝန်ခံ ဦးစိုးညွန့်က စည်းရုံးဆောင်ရွက်နေမှု အခြေ အနေကို တင်ပြဆွေးနွေးပြီး တက်ရောက် လာကြသည့် စည်းရုံးရေးမှူးများ၊ ကော်မတီဝင်များက မိမိရပ်ကွက် ကျေးရွာအခြေအနေများကို တင်ပြဆွေးနွေး ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအား ရှင်းလင်းကာ တန်ဖိုးအားဖြင့် ငွေကျပ် (၃)သိန်း တန်ဖိုးရှိ ဗလာစာအုပ်ဒါဇင်(၁၀၀) ခဲတံ ဒါဇင် (၁၀၀)၊ ပေတံ (၂၀၀)ချောင်းတို့အား လှူဒါန်းခဲ့ကြကာ အစည်းအဝေးကို နေ့လည် (၃) နာရီတွင်ပြီးစီးကြောင်း သိရသည်။

# Nyunt Win


Leave a Reply