London Football Awards ဆုပေးပွဲမှာ အောင်ပွဲခံခဲ့ကြတဲ့ ဂန်းနားဆရာတပည့်များ

လန်ဒန်မြို့ခံကလပ်အသင်းတွေရဲ့ ကစားသမားတွေနဲ့ နည်းပြတွေထဲက ရွေးချယ်ပေးအပ်လေ့ရှိတဲ့ London Football Awards ဆုပေးပွဲမှာတော့ အာဆင်နယ်အသင်းသားတွေကပဲ အောင်ပွဲခံသွားခဲ့ကြပါတယ်။

တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုတော့ အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်က ဘရန်ဖိုဒ့်တိုက်စစ်မှူး အိုင်ဗန်တိုနီ၊ စပါးတိုက်စစ်မှူး ဟာရီကိန်းနဲ့ ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်တို့ကို ကျော်ဖြတ်ကာ ရရှိခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ အာဆင်နယ်ကြယ်ပွင့် ဆာကာက ရရှိသွားခဲ့ပါတယ်။ တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကိုတော့ အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်ကပဲ ရရှိသွားခဲ့ပါတယ်။ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုတော့ အာဆင်နယ်နည်းပြ အာတီတာကပဲ သိမ်းပိုက်သွားခဲ့ပါတယ်။  အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရာသီပြီးဆုံးဖို့ ၁၁ ပွဲအလိုမှာ ဒုတိယနေရာက မန်စီးတီးကို ၅ မှတ်အသာနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ရာသီကုန်မှာသာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့ တကယ့်ကို ပြီးပြည့်စုံတဲ့ နှစ်တစ်နှစ်ဖြစ်လာမှာပါ။   #Shwesports