ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

၆ ၊ ၃ ၊ ၂၀၂၃ နေ့ နံနက်  ၉ : ၀၀ နာရီ အချိန်တွင် ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏  စွမ်းရည်မြှင့်သင်တန်း ကို မြို့နယ်ပါတီရုံးတွင် ဖွင့်လှစ်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ပြည်နယ်ပါတီကော်မတီဝင်(ကျောက်ဖြူမြို့နယ်ပါတီတာဝန်ခံ) ဦးထွန်းမင်း ခရိုင်ပါတီဥက္ကဌ ဦးမြလင်း  ၊မြိုနယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး  ၊ အတွင်းရေးမှူး ဦးတင်ထွန်း ၊ ဘဏ္ဍာရေးမှူးဦးအေးလွင် နှင့်မြို့နယ်ပါတီကော်မတီများစုစုပေါင်း ( ၂၅. )ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်နယ်ပါတီကော်မတီဝင် ( ကျောက်ဖြူမြို့နယ် တာဝန်ခံ  ) ဦးထွန်းမင်း မှ ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒလမ်းညွှန်ချက်များကို လည်းကောင်း ဦးမြလင်းမှ ပါတီစည်းကမ်းထိန်းသိမ်းရေးနှင့် ပါတီတွင်း စည်းလုံး ညီညွတ်ရေးနှင့်ပါတ်သက်၍လည်းကောင်း မြို့နယ်ပါတီဥက္ကဌ ဒေါက်တာထင်လင်းဦး မှ ဒုတိယအကြိမ်ရက် ၉၀ စီမံချက်နှင့် ပတ်သက်သောကိစ္စရပ်များ ၊ ပါတီဝင်လျှောက်လွှာဖြည့်သွင်းရေးကိစ္စရပ်များ၊ စည်းရုံးရရှိပြီး ပါတီဝင်များအား စီစစ်ခြင်း၊ ပြန်အပ်ပါတီဝင်ကဒ်များစီစစ်ခြင်း၊ ပါတီဝင်သစ်များစွမ်းရည်မြင့်မားရေးအတွက် သင်တန်းဖွင့်လှစ်ရမည့်ကိစ္စရပ်များ၊ မိမိဒေသနှင့်လိုက်လျှောညီထွေမှုရှိသော လှုပ်ရှားမှုကိစ္စရပ်များ၊ မြေပြင် အခြေအနေ မှန်သတင်းများရရှိရေးနှင့်အသင်းဝင်ဟောင်းများ၊ မိတ်ဘက်ဝန်းရံသူများ၊ အကြောင်းအမျိုးမျိုးကြောင့် ပါတီနှင့်ကင်းကွာနေသူများနှင့်(First time voter) လူငယ်များနှင့် တွေ့ဆုံနိုင်ရေးကိစ္စရပ်များကို အကျယ်တဝန်း ဆွေးနွေးခဲ့ကြပါသည်။

သင်တန်းသို့ တက်ရောက်လာသောမြို့နယ်ကော်မတီဝင်များမှလည်း ကဏ္ဍအလိုက်အသီးသီးဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆုံးဖြတ်ချက်ချပြီးနောက် သင်တန်းကို ညနေ ၄: ၀၀ နာရီ အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

 

 

ရှမ်းမြောက်၊ပြည်ခိုင်ဖြိုးပါတီ