မိုးကောင်းပြည်ခိုင်ဖြိုးပါတီ နောင်ကိုင်တော်ရပ်ကွက် ဆုတောင်းပြည့် စေတီတော် လုပ်အားပေးပြုလုပ်

 

ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ရွာနံစေတီတော် ဆုတောင်းပြည့်ဘုရားဝန်းတွင် အမှိုက်များ၊ မြက်များကို စက်တင်ဘာ၁၉ နံနက် ၇း၃၀ နာရီအချိန်တွင် မိုးကောင်းမြို့  ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင် ဦးမြင့်စိုး၊ ဦးငွေရှိန်း၊ ဦးသန်းစိုး ၊ ဒေါ်အေး၊ နောင်ကိုင်တော်ရပ်ကွက် စည်းရုံးရေးမှူး ဦးသာအောင်နှင့် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီရေးရာအဖွဲ့များ၊ ဒေါ်ခင်ပို၊ ဒေါ်လတ်တို့ ဦးစီးပြီး နောင်ကိုင်တော်ရပ်ကွက် ရွာနံစေတီ ဆုတောင်းပြည့်ဘုရား ပန်းအိုးထိုးခြင်း၊ အမှိုက်များကောက်ခြင်း၊ ချုံနွယ်များကို ရှင်းလင်းခြင်း ၊ မြက်များကို စက်များဖြင့် ပြုလုပ်လျက်ရှိပါသည်။

ပါတီအင်အား ၁၅ ဦးဖြင့် လုပ်ဆောင်လျက်ရှိပါကြောင်း သိရှိရပါသည်.။

KoSoe