ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် စာရေးကိရိယာများ ထောက်ပံ့

တောင်ဥက္ကလာ ဇူလိုင် ၃

တောင်ဥက္ကလာပမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်မိသားစုအတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုဆုကြေးများ ပေးအပ်ချီးမြှင့်ခြင်း၊ ကျောင်းသားကျောင်းသူများအား စာရေးကိရိယာနှင့် ထောက်ပံ့ကြေးများ ပေးအပ်ခြင်းအခမ်းအနား  ပြုလုပ်ကျင်းပခဲ့ပါသည်။