၂၀၂၃ ပထမ(၃)လပါတ်အစည်းအဝေးကျင်းပ

လားရှိး မတ် ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်း ဦးဆောင်သော ပြည်နယ်ကောမတီဝင်များ၊ ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/မြို့နယ် ဥက္ကဋ္ဌများနှင့်၂၀၂၃ ခုနှစ်၊ မတ်လ(၉)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်ပါတီရုံးတွင် ၂၀၂၃ ခုနှစ်၊ ပထမ(၃)လပါတ် အစည်းအဝေးကို ကျင်းပခဲ့ပြီး ပထမရက်(၉၀)စီမံချက်အကောင်အထည် ဖော်ဆောင်မှုပြီးစီးမှုများကို ရှင်းလင်း သုံးသပ်ခြင်းနှင့် ဒုတိယရက်(၉၀)စီမံချက်နှင့်ပက်သက်၍ ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

အဆိုပါအစည်းအဝေးသို ပြည်နယ်/ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်မြို့နယ်များမှ ပါတီကော်မတီ အဖွဲ့ဝင် (၃၆)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။