ရှေ့တန်းရောက်တိုက်ပွဲဝင် တပ်မတော်သားများအား ဂုဏ်ပြုသွေးလှူဒါန်းပွဲပြုလုပ်

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနတွင် ဒီဇင်ဘာ (၁၀) ရက် နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီးက ကြီးမှူး၍ ရှေ့တန်းရောက် တိုက်ပွဲဝင်တပ်မတော်သားများအား ဂုဏ်ပြုသွေးလှူဒါန်းပွဲ ကျင်းပခဲ့သည်။

ယင်းသွေးလှူဒါန်းပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် အမျိုးသား သွေးဌာနတာဝန်ခံ ဒေါက်တာသီတာအောင် နှင့် တာဝန်ရှိသူများ၊ ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီးမှ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးမင်းသိမ်း၊ ဦးတင်လှိုင်၊ ဒေါ်သင်းသင်းမိုး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ခရိုင်ကော်မတီဝင်များ၊ အရှေ့ပိုင်းခရိုင် ၁၄ မြို့နယ်မှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ သွေးလှူဒါန်းသူ အလှူရှင် များ စုစုပေါင်း ၂၅၆ ဦး တက်ရောက်ကြသည်။

ဗဟိုကော်မတီဝင် ဦးမင်းသိမ်း က သွေးလှူဒါန်းရသည့်အကြောင်းကို ဦးစွာရှင်းလင်း ပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် အမျိုးသားသွေးဌာန တာဝန်ခံ ဒေါက်တာသီတာအောင်က အမျိုးသားသွေးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်း များကို ပြည်သူများ အမှန်သိရှိရေးအတွက် သိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေး ပြောကြားကာ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ လစဉ် သွေးလှူဒါန်းနေမှုကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဝင် ဦးမင်းသိမ်း နှင့်အဖွဲ့သည် သွေးလှူဒါန်းနေသည့် ပါတီဝင်များနှင့် ပြည်သူများကို လိုက်လံကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။

စိုးမင်းသန်း


Leave a Reply