ပါကစ္စတန်မှာ စီတန်းလှည့်လည်ဖို့ ကြိုးစားသူတွေကို ရဲက ဖြိုခွဲ

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ စီတန်းလှည့်လည်ဖို့ ကြိုးစားနေတဲ့ ပါတီ တက်ကြွ လှုပ်ရှား သူတွေကို ရေပိုက်တွေ လက်ကိုင်တုတ်တွေကို အသုံးပြုပြီး ရဲတွေက လူစုခွဲဖို့ ကြိုးစားတယ်လို့ အတိုက်အခံခေါင်းဆောင် အီမရန်ခမ်း ထောက်ခံသူတွေက ပြောပါတယ်။

လူမှုကွန်ရက် မီဒီယာပေါ်မှာ တက်လာတဲ့ ရုပ်ပုံတွေမှာ မြို့ထဲမှာ စုရုံးနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေကို တားမြစ်တာကို ချိုးဖောက်တယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။

လက်ရှိ လုံခြုံရေးအခြေအနေအရ လာဟိုးမှာ လူတွေ စုရုံးတာကို ခရိုင် အစိုးရအဖွဲ့က တားမြစ်ထားပါတယ်။ ဆန္ဒပြတာ၊ စီတန်းလှည့်လည်တာ၊ ထိုင်လျက် ဆန္ဒပြတာတွေကို ခွင့်မပြုထားပါဘူး။

လာမယ့်လမှာ ကျင်းပဖို့ ရှိတဲ့ ခရိုင် ရွေးကောက်ပွဲအတွက် နိုင်ငံရေး လှုပ်ရှားမှုတွေကို တားမြစ် ပိတ်ပင်တာဖြစ်တယ်ဆိုပြီး အတိုက်အခံပြောခွင့်ရက ဒီလုပ်ရပ်ကို ဝေဖန်ပါတယ်။  -Ref:BBC