အိန္ဒိယနိုင်ငံ လွပ်လပ်ရေးနေ့အတွက် ဝန်ကြီး ချုပ် Modi က နိုင်ငံ၏ သုံးရောင်ခြယ် အလံကို လွှင့်ထူပြီး မိန့်ခွန်း ပြောကြား မှုများပြုလုပ်သွားမည်

သြဂုတ် ၁၄
အိန္ဒိယ နိုင်ငံ၏ လွတ်လပ်ရေးနေ့ မတိုင်မီ အိန္ဒိယစစ်တပ်က ဝတ်စုံပြည့် အစမ်းလေ့ကျင့်မှု ပြုများပြုလုပ်ခဲ့ကြပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က နိုင်ငံ၏ သုံးရောင် ခြယ်အလံကို လွှင့်ထူပြီး လာမည့် အင်္ဂါနေ့တွင် မိန့်ခွန်း ပြောကြားသွားမှာလည်းဖြစ်ပါတယ်။ ယခုနှစ်သည် အိန္ဒိယနိုင်ငံ၏ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့လည်းဖြစ်ပါတယ်။
“Azadi ka Amrit Mahotsav” (75 နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဒုတိယသမ္မတ Jagdeep Dhankhar မှ အိန္ဒိယနိုင်ငံ နယူးဒေလီရှိ Pragati Maidan ဧရိယာမှ သုံးရောင်ခြယ် နိုင်ငံတော် အလံဖြင့် စက်ဘီးစီးချီတက်ပွဲကြီးကို အလံပြု ဂုဏ်ပြုမှုများကို ပြီးခဲ့သည့် သြဂုတ်လ ၁၃ရက်နေ့က ပြုလုပ် ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံသည် ၎င်း၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဆင်နွှဲနိုင်ရန် အတွက် အဆင်သင့် ဖြစ်နေပြီဖြစ်သောကြောင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် နယူးဒေလီရှိ အထင်ကရခံတပ်နီတွင် ၀တ်စုံပြည့် အစမ်းလေ့ကျင့်မှု ပြုလုပ်ခဲ့ တာလည်းဖြစ်ပါတယ်။
အိန္ဒိယလေတပ် India Air Force (IAF) ရဟတ်ယာဉ်တစ်စင်းသည် အစမ်း လေ့ကျင့်မှုပြုလုပ်နေသည့် တပ်မတော်သားများအား ပန်းများ ဖြင့် ဖြန်းပေးခဲ့ပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အိန္ဒိယ တပ်မတော်နှင့် ဒေလီ ရဲတပ်ဖွဲ့တို့က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် စတင်ကျင်း ပမည်ဖြစ်ပြီး ယင်းနောက် နိုင်ငံတော်အလံ လွှင့်ထူခြင်း၊ နိုင်ငံတော်သီချင်း တီးမှုတ်ခြင်းနှင့် သေနတ် ၂၁ လက် အလေးပြုခြင်းများ ပြုလုပ်သွားကြမှာလည်းဖြစ်ပါတယ်။

=========================================