အီရန်တွင် ကျောင်းသားပေါင်း ၅၀၀၀ ခန့် အဆိပ်သင့်မှုနှင့်ပတ်သက်၍ သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်း

အီရန်နိုင်ငံတွင် နိုဝင်ဘာလကုန်က တည်းကကျောင်းသားပေါင်း ၅၀၀၀ ကျော် ထူးဆန်းစွာ အဆိပ်သင့်မှုနှင့် ပတ်သက်၍ ပထမဆုံးဖမ်းဆီးမှုများကိုလုပ်ဆောင်ခဲ့ကြောင်း မတ် ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အများပြည်သူများ၏ ဒေါသဖြစ်မှုများ မြင့်တက်နေချိန်တွင်အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီက ခွင့်မလွှတ်နိုင်သော ရာဇဝတ်မှုကျူးလွန်သူများကို သနားညှာတာခြင်းမရှိခြေရာခံ ထောက်လှမ်း နေသည်ဟု မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

ကျောင်းသူတစ်ဦး၏ မိဘတစ်ဦးအပါအဝင် ပြည်နယ်ခြောက်မြို့နယ်၌ အန္တရာယ်ရှိ အရာဝတ္ထုများ ထုတ်လုပ်မှု သံသယဖြင့် လူအများအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးက မတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စုံစမ်းထောက်လှမ်းရေး အေဂျင်စီများက ဖမ်းဆီးမှု အများအပြားလုပ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာအေဂျင်စီများက အပြည့်အဝစုံ စမ်းစစ်ဆေးမှု လုပ်ဆောင်နေသည်ဟု လက်ထောက်ပြည်ထဲရေးဝန်ကြီး မာဂျစ်မီရာမာဒီက နိုင်ငံပိုင်ရုပ်သံကို မတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

အီရန်စာသင်ကျောင်းများတွင် နိုဝင်ဘာလကုန်ကတည်းက အဆိပ်သင့်သူအများအပြားရှိပြီး ကျောင်းသူများသည် ကျောင်းဝန်းအတွင်း မနှစ်မြို့ဖွယ်အနံ့အသက်များရရှိခဲ့သည်ဟု ပြောကြားခဲ့ပြီးနောက် အသက်ရှူကြပ်ခြင်းမှ အော့အန်ခြင်းနှင့် မူးဝေခြင်းစသည့် ရောဂါလက္ခဏာများ ခံစားခဲ့ရသည်။ ကျောင်းသူအချို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

“ပြည်နယ် ၃၁ ခုမှ ပြည်နယ် ၂၅ ခုရှိ ပျမ်းမျှ စာသင်ကျောင်းပေါင်း ၂၃၀ မှာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းသားကျောင်းသူ ၅၀၀၀ ကျော် အဆိပ်သင့်ခဲ့ပါတယ်”ဟု ပြည်သူ့လွှတ်တော်အချက်အလက်ရှာဖွေရေး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် မိုဟာမက်ဟက်ဆန်အက်ဆာဖာရီက ပြောကြားခဲ့ သည်။

“အဆိပ်သင့်တာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံနဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာကို သိရှိနိုင်ဖို့ စစ်ဆေးတာတွေ အများအပြားလုပ်ဆောင်နေပါတယ်။ ဘယ်လိုအဆိပ်မျိုးဆိုတာ အပါအဝင် အချက်အလက်အတိအကျ မသိရသေးပါဘူး”ဟု ၎င်းကဆိုသည်။

ထူးဆန်းသည့် အဆိပ်သင့်မှုများနှင့်ပတ်သက်၍ ပြည်သူများ၏ စိတ်တိုဒေါသဖြစ်မှုများမြင့်တက်နေပြီး အာဏာပိုင်များထံမှ အရေးယူဆောင်ရွက်မှုများကို တောင်းဆိုခဲ့ကြသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကူဇက်စတန်၊အနောက်အဇာဘိုင်ဂျန်၊ ဖားစ်၊ ကာမန်ရှား၊ ခိုရာဆန်နှင့်အယ်ဘော့ဇ်ပြည်နယ်များတွင် လူအများအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများထဲမှ တစ်ဦးသည်၎င်းတို့၏ ကလေးများကို အသုံးပြု၍ ကျောင်းအတွင်းသို့ စိတ်အနှောင့်အယှက်ဖြစ်စေသော အရာကို ထည့်သွင်းခဲ့ပြီး နာမကျန်းဖြစ်နေသော ကျောင်းသားများ၏ ဗီဒီယိုများကိုမှတ်တမ်းရယူခဲ့ကာ ၀ါဒဖြန့်သောမီဒီယာတစ်ခုသို့  ပေးပို့ခဲ့ပြီး အကြောက်တရားနှင့် စာသင် ကျောင်းများပိတ်ရန် ဖန်တီးခဲ့သည်ဟုစွပ်စွဲခံထားရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်ထပ်သံသယရှိသူသုံးဦးသည်မကြာသေးမီက အဓိကရုဏ်းများတွင် ပါဝင်မှုအပါအဝင် ရာဇဝတ်မှုမှတ်တမ်းများ ရှိထားသူဖြစ်သည်ဟု ဆိုသည်။

“ဆေးရုံကို ပို့ဆောင်ခဲ့ရတဲ့ကျောင်းသားတွေရဲ့ ငါးရာခိုင်နှုန်းအောက်စီမှာ ကသိကအောက်ဖြစ်စေတဲ့အရာတ ွေတွေ့ရပေမယ့် ကံကောင်းစွာနဲ့ အဆိပ်ရှိ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အရာဝတ္ထုတစ်စုံတစ်ရာ မတွေ့ရှိပါဘူး”ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ -Ref;AFP