ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေး ကျင်းပ

၂၀၂၃ဖေဖေါ်ဝါရီ ၂၃ ပန်းတောင်း

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ က မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ  ပါတီ မြို့နယ်ဥက္ကဌဦးသန်းဇော် နှင့် ကော်မတီဝင်များ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီ  ဥက္ကဌ မှ ပါတီ၏လမ်းညွှန်ချက်များ အပေါ်အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး နယ်မြေအလိုက် တာဝန်ပေးအပ်မှုများ၊ ကွင်းဆင်းဆောင်ရွက်ရန် ရက်သက်မှတ်ချက်များကို တက်ရောက်လာသော ကော်မတီဝင်များနှင့်အတူ ညှိနှိင်းဆွေးနွေးဆောက်ရွက်ကြကြောင်း သိရှိရပါသည်။