ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခရိုင်၊ မြို့နယ်၊ ပါတီကော်မတီများ အစည်းအဝေးပြုလုပ်

လှည်းကူး ဖေဖော်ဝါရီ ၂၂

 ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်၊ မြို့နယ်၊ ပါတီကော်မတီ အစည်းအဝေးအား ခရိုင်အစည်းအဝေးခန်းမတွင် ယနေ့ (၁၀: ၃၀) နာရီတွင် ကျင်းပရာ  လှည်းကူးခရိုင် ဥက္ကဌ ဦးအောင်မျိုးနိုင်၊ ခရိုင်အတွင်းရေးမှူး  ဦးသန်းဇော်နှင့် ခရိုင်ကော်မတီဝင်များ မြို့နယ်အတွင်းရေးမှူး ဦးသန်းဝင်းနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ကြပြီး၊ ခရိုင်ပါတီ ဥဣဌ ဦးအောင်မျိုးနိုင် မှ လူငယ်တွေ့ဆုံပွဲ အတွက် စိတ်ပါဝင်စားသူ လူငယ်များအား စုစည်းနိုင်ရေး၊ လိုက်ပါမည့် လူငယ်များ၏ လုံခြုံဘေးကင်းရေး၊ လူငယ်များ အတွက် ကျွေးမွေးဧည့်ခံနိုင်ရေး၊ လိုက်ပါမည့် ပါတီပြင်ပ လူငယ်များအား ပါတီတွင်း ဝင်ရောက်နိုင်ရေး၊ စသည်တို့ကို ဆွေးနွေးခဲ့ကြပြီးနောက် UEC သို့ တင်ပြပေးပိုရမည့် ပါတီဝင်ဦးရေ အတွက် ပါတီဝင်အင်အားစီစစ်ခြင်းများကို နယ်မြေ တာဝန်ခံအလိုက် ရပ်ကွက်/ ကျေးရွာ ကွင်းဆင်း စီစစ်ပြီးစီးမှုနှင့် ကင်းကွာပါတီဝင်များအား တွေ့ဆုံဆွေးနွေးခြင်း၊ မိတ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ အမျိုးသမီးရေးရာ၊ လူငယ်ထုအင်အားများ ရာအိမ်စုအလိုက် ဖွဲစည်းပီးစီးမူ့ အခြေအနေများ ပါတီကော်မတီဝင်များ၏ မိသားစုဝင်များ စာရင်းကို ပြုစုမှတ်တမ်းတင်ခြင်း ၊ စသည့်လုပ်ငန်းများ ကို ဆွေးနွေးခဲ့ကြပြီး၊ အောင်နိုင်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်ရမည့်  လုပ်ငန်းစဉ်( ၁၇) ချက်ပါ ဆောင်ရွက်ပြီးစီးမူ့များအား အမြန် တင်ပြနိုင်ရန်နှင့် ကွင်းဆင်း စည်းရုံးရာတွင်ဗဟို၏ လမ်းညွန်ချက် အသွင်သစ်ဖြင့် ဆက်ရေး ဆောင်ပုဒ်နှင့်အညီ အသွင်သစ် ဆက်ဆံရေးမှ အောင်နိုင်ရေးဆီသို့ ဆက်လက်ချီတက်သွားနိုင်ရေးအလေးထား မှာကြားခဲ့ပီး အစည်းအဝေးကို နေ့လည်(၁၂:၀၀)  နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။