ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီ ကျေးရွာများသို့ ဆန်များလျှော့ဈေးဖြင့် လိုက်လံရောင်းချ

 

နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မိဘပြည်သူများ အတွက် အထူးလျှော့ဈေးဖြင့် ဆန်များကို ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူ သီရိမြို့နယ်၊ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ များနှင့်ကော်မတီဝင်များ၊ လူငယ်/ အမျိုးသမီး၊ ရပ်/ကျေးအဖွဲ့များ စုပေါင်းပြီး မော်တော်ယာဉ်များဖြင့် မြို့နယ်များရှိ ကျေးရွာများအရောက် ဆန်တစ်ပြည်လျှင် ကျပ် ၁၁ဝဝ နှုန်းဖြင့် လိုက်လံရောင်းချပေး လျက်ရှိကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီက ယခုလို ဆန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချရခြင်းမှာ မိမိတို့ပါတီဝင် များသည်လည်း ပြည်သူထဲမှ ပြည် သူများဖြစ်ကြသည့်အတွက် ပြည် သူ့လိုအပ်ချက် ပြည်ခိုင်ဖြိုးပါတီ ကဖော်ဆောင်ရွက်ဆိုတဲ့ခံယူချက် နှင့်အညီ ယနေ့စီးပွားရေးနှင့်ကုန် ဈေးနှုန်းအခြေအနေအရ ပြည်သူ များအကျပ်အတည်းအခက်အခဲဖြစ် နေသည့်အတွက် အပြင်ပေါက်ဈေး ဆန်တစ်ပြည်ကျပ် ၁၄ဝဝ၊ ကျပ် ၁၅ဝဝခန့်ရှိသောဆန်ကို မိမိတို့ပါတီ က ကျပ် ၁၁ဝဝဖြင့် ရောင်းချခြင်း ဖြစ်ကြောင်း၊ ပြည်သူများကလည်း ယခုလိုစားဝတ်နေရေး၊ အခက်အခဲ အကျပ်အတည်းဖြစ်နေချိန် ပြည်ခိုင် ဖြိုးပါတီက အိမ်အရောက်လာပြီး မဖြစ်မနေဝယ်စားရသည့်ဆန်များ ကို ဒေသပေါက်ဈေးထက်လျှော့ ၍ ရောင်းချပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ဆန်အပြင် ဆီ၊ ဆား၊ ကြက်သွန်၊ ငရုတ်၊ ကြက်ဥစသည့်အခြေခံ စားသောက်ကုန်များကိုပါ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးစေ လိုကြောင်း အကြံပြုပြောခဲ့ကြပြီး နောက်ရက်များကိုလည်း ယခုလို လာရောက်ရောင်းချပေးစေရန် တောင်းဆိုခဲ့ကြကြောင်း သိရ သည်။

ယင်းသို့ပြည်ခိုင်ဖြိုးပါတီက အထူးလျှော့ဈေးဆန်များ အိမ်တိုင် ရွာရောက်လိုက်လံရောင်းချပေးရာ တွင် ယခုလ ၂၄ရက်မှစတင်ပြီး ယနေ့အထိဆန်အိတ်ပေါင်း ၂၉ဝ ရောင်းချပေးခဲ့သည်။ ကျန်ရှိသော မြို့နယ်များကလည်း ရောင်းချရန် စီစဉ်ဆောင်ရွက်နေကြပြီး ထပ်မံ၍ လည်း ပြည်သူလူထုလိုအပ်ချက်၊ တောင်းဆိုချက်အရ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုတ်၊ ကြက်ဥစသည် ဖြင့် စားသောက်ကုန်ပစ္စည်းများ ကိုလည်း ဆန်နှင့်အတူဈေးနှုန်းချို သာစွာဖြင့် ရောင်းချပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)