နောင်လက်ကြီး ကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်

 

ရွှေကူ မေ ၂၃

ရွှေကူမြို့နယ် နောင်လက်ကြီး ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ၏ ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက နောင်လက်ကြီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးနိုင်ဦး၏ နေအိမ်တွင် ကျင်းပခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းထိုက်၊ ဘဏ္ဍာရေးမှူး ဦးမြင့်သန်းဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်၊ အရန်ပါတီကော်မတီဝင်များ၊ နောင်လက်ကြီးကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးဆန်းဦးနှင့် ပါတီကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း ၅ဝ ခန့် တက်ရောက် ခဲ့ကြသည်။

မင်္ဂလာအချိန်တွင် မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များ၊ ရပ်မိ/ဖများက ပါတီဆိုင်းဘုတ်ကို ဆုတောင်းပတ္ထနာပြု၍ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြပြီး စုပေါင်းအားဖြင့် တင်မြှောက် ခဲ့ကြသည်။

ထို့နောက် ဦးနိုင်ဦး၏ နေအိမ် ပေါ်တွင်မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းထိုက်က ပြည်ခိုင်ဖြိုးအစိုးရ လက်ထက် ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် ပါတီဖွဲ့စည်း ဆောင်ရွက်ခဲ့မှုများကို ဘဏ္ဍာရေးမှူး ဦးမြင့်သန်းဦးက ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေ အနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝါဝါ(ဗန်းမော်)