လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေရှားပါးသောကျေးရွာသို့ သာက်ရေသန့်များ သွားရောက်လှူဒါန်း

 

နေပြည်တော် မေ ၂၃

ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ ညနေ ၄ နာရီခွဲတွင် နွေရာသီသောက်သုံးရေ ရှားပါးနေသော အောင်သာအုပ်စုသို့ သွားရောက်၍ သောက်ရေသန့် ၂ဝ လီ တာ ဘူး ၂ဝဝ သွားရောက်လှူ ဒါန်းခဲ့သည်။

အဆိုပါ သောက်သုံးရေ ပေးဝေရာသို့ ပြည်ထောင်စုနယ်မြေအ တွင်းရေးမှူး ဦးဌေးဝင်း၊ နေပြည်တော်ခရိုင် ကော်မတီဝင် နယ်မြေတာဝန်ခံ ဒေါ်ယဉ်ယဉ်အေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦးနှင့် မြို့နယ်ကော်မတီဝင် များက ဦးဆောင်၍ လှူဒါန်းခဲ့ပြီး ကျန်ရှိသော ကျေးရွာများကိုလည်း သောက်သုံးရေများ ဆက်လက် ပေးဝေ သွားမည် ဖြစ်ကြောင်း သိရသည်။

အောင်အောင်