မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆဋ္ဌမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူကျင်းပ

မော်လမြိုင်ကျွန်း၊ နိုဝင်ဘာ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မော်လမြိုင်ကျွန်းမြို့နယ်၏ ဆဋ္ဌမအကြိမ်မြောက် စုပေါင်းမဟာဘုံက ထိန်အလှူတော်ကို မော်လမြိုင်ကျွန်းမြို့နယ် နုံးကျွန်ကျေးရွာအုပ်စု လေးထပ်ကြီးကျေးရွာ ဓမ္မဝေပုလ္လကျောင်း တိုက်တွင် ယမန်နေ့နံနက် ၉ နာရီ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ကာ ဓမ္မဝေပုလ္လကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တရာဇိန္ဒထံမှ ငါးပါးသီလခံ ယူဆောက်တည်ခြင်း ကထိန်လျာဉာတ်သင်္ကန်းနှင့် အရန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူခဲ့သည်။ ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဆရာတော် ဘဒ္ဒန္တရာ ဇိန္ဒထံမှ ရေစက်ချတရားနာယူကာ ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

ဥက္ကာကျော်