သက်ကြီးဖိုးဖွားများအား ဆန်၊ ဆီ ထောက်ပံ့၍ အမျိုးသမီးများဘဝလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ ဟောပြောခြင်း ဆောင်ရွက်

လားရှိး ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိးပြည်ခိုင်ဖြိုးပါတီ ပြည်နယ် ကော်မတီဝင်(ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ)  ဒေါ်နန်းခမ်းယဉ်နှင့် အဖွဲ့မှ ရပ်ကွက်(၉)ရှိ နွမ်းပါးမိသားစုနှင့် သက်ကြီးအဖွားများအား ဆန်/ဆီ/ဆား ထောက်ပံ့ခြင်း၊ အမျိုးသမီးဘဝလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာဟောပြောခြင်း၊ နှုတ်ခမ်းကွဲအာခေါင်ကွဲ ကလေးငယ် တစ်ဦး အခမဲ့ ခွဲစိတ်နိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေအား ရှင်းလင်းပြောကြားပြီး  ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ပါသည်။